Professional Authors

ဘယ်သူပိုစွမ်းသတုန်း

လျှပ်စီးတွေလက်
မိုးကြိုးတွေ ပစ်
ဝေမှိုင်းတဲ့ ကောင်းကင်မှာ
ကြယ်ရောင် မလက်
လ လည်းမိုက်ကာ
အာကာဝေဟင်
မုန်တိုင်းတွေဆင်ချေပြီ
လေပြင်းနဲ့ဒီရေ
တိုက်စစ်တွေ အပြိုင်ဆင်
သူထက်သူ လူစွမ်းကောင်း
အစွမ်းတွေပြိုင်
ပညာချင်းဖလှယ်
နိုင်သုရွေးချေပြီ
သူတို့ ပြိုင် ရာ
အရှုံး အနိုင်
အဖြေရှာရာ
သူတို့ထက်သာ
သူတို့ထက်စွမ်း
သူတို့ထက် ကြောက်စရာကောင်းသော
ကျွန်တော့်၏ အချစ်ကို ပုံ
မေတ္တာ ကိုအပ်
ကျွန်တော်ပြောသမျှ ပြန်ကြားနေသော
ကျွန်တော်၏ အိမ်သူသက်ထား
ဇနီး မယားက
အမှတ်တွေဖြတ်
အပြတ်အသတ်
အနိုင် နဲ့ ပိုင်း
ချန်ပီယံ တစ်ပိုင်းနဲပဲ
အခု လဲ ကျွန်တော့လစာကို
အကုန် သိမ်း သွားပြန်ပြီဗျား….ဟီး ဟီး ဟီး(ငိုနေချင်း ဖြစ်ပါသည် သူမ ရှေ့ မှာတော့ ပြုံး ရယ်နေသည်ထင်အောင်ပြုလုပ်ခြင်းပါ…….။ really ငိုချင်း….။)

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

ဟားဟား……မိုက်တယ်ဗျ

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #2

🙂

Comment #3

he,,he,,,
lots of fun.
so much perfect.

commentinfo By: ei lay at Aug 16, 2011
Comment #4

ဟဲဟဲ …… မိန်းမယူရမှာတောင်ကြောက်လာပြီ။ ။

commentinfo By: linlatarkar at Aug 16, 2011
Comment #5

ကောင်းလိုက်တဲ့ကဗျာ……………
မိန်းမမယူရဲအောင်လုပ်နေတာလား၊?

commentinfo By: မိုးကြိုး at Aug 16, 2011
Comment #6

မိန်းမမယူရဲ တော့ဘူး။
စာနာပါတယ်ဗျာ။………..

commentinfo By: မိုးကြိုး at Aug 16, 2011
Comment #7

*Good idea.

commentinfo By: May Kha at Aug 17, 2011
Comment #8

ဟုတ်တယ်ဗျို့ … ဟိဟိ

commentinfo By: chityellusoelay at Aug 17, 2011
Comment #9

reallyငိုချင်း တဲ့လား စကားလုံးကသေလို့ရတယ်ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 21, 2011
Comment #10

🙂 🙂 🙂

commentinfo By: ei lay at May 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment