Professional Authors

အချစ်

အချစ် …….
ဦးနှောက် ရေဒါမှာပြတယ်
မုန်းတိုင်းတစ်ခု ….

နှလုံးသားကတော့မြင်တယ်
နူးညံ့အေးမြ လတ်ဆတ်တဲ့
နံနက်ခင်းလေပြည်ညင်းလေး ….

ရှူသွင်းလိုက်တယ်
ရင်ဘတ်တစ်ခုလုံး
နှလုံးသားတစ်ခုလုံး
ပြည့်သွားအောင် …….

တစ်နာရီ မိုင်နှုန်း အကန့်သတ်မဲ့
ရင်ဘတ်တစ်ခုလုံး နှလုံးသားတစ်ခုလုံး
ဗြောင်းဆန်သွားအောင် မွှေနှောက်ပြီ

အလန့်တကြား ပြန်ထုတ်လိုက်တယ်
နောက်ကျသွားပြီ

ရင်ဘတ်ထဲပြန်စစ်ကြည့်လိုက်တယ်
နှလုံးသားတစ်ခုလုံး ရစရာမရှိ
အမိုးမရှိ အကာမရှိ
သုံးလို့ မရအောင် စုတ်ပြဲ
ပျော်ရွှင်မှုတွေ အမြစ်ကလဲ
ယုံကြည်မှုတွေတောင် ယိုင်နဲ့နဲ့
အလွမ်းတွေ ဒဏ်ရာတွေပဲ
ထီးထီး ချန်ရစ်ခဲ့တယ် ……….

In: ကဗျာ Posted By: Date: Jan 7, 2011
Comment #1

ရင်ဘတ်ထဲပြန်စစ်ကြည့်လိုက်တယ်
နှလုံးသားတစ်ခုလုံး ရစရာမရှိ
အမိုးမရှိ အကာမရှိ
သုံးလို့ မရအောင် စုတ်ပြဲ
ပျော်ရွှင်မှုတွေ အမြစ်ကလဲ
ယုံကြည်မှုတွေတောင် ယိုင်နဲ့နဲ့
အလွမ်းတွေ ဒဏ်ရာတွေပဲ
ထီးထီး ချန်ရစ်ခဲ့တယ် ……….
မိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #2

အချစ် …….
ဦးနှောက် ရေဒါမှာပြတယ်
မုန်းတိုင်းတစ်ခု ….

commentinfo By: nate thit(နေ့သစ်) at Nov 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment