Professional Authors

အစွန်းရောက် ဥပေက္ခာဝါဒီ

သူမရယ်၊ ကမ္ဘာကြီးရယ်၊ အရာအားလုံးရယ်
ကျတော်နဲ့ မသက်ဆိုင်တော့ပြီ
အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး
ပစ္စုန်ပန်ကလည်း အစိုးမရဘူး
သူမကျတော့်ကို ချစ်ခဲ့စဉ်
ကျတော်ကလည်း သူမကိုချစ်ခဲ့စဉ်က
သူမသည်သာ ကောင်းကင်
သူမသည်သာ ပင်လယ်ဖြစ်ပြီး
အခုတော့
ကောင်းကင်သည် ကောင်းကင်
ပင်လယ်သည် ပင်လယ်ဖြစ်ပြီး
သစ်ပင်တွေဟာ ညိုမှိုင်းနေပြီး
သစ်ပင်များပင် ဖြစ်လေတော့သည်

ထိုကဲ့သို့ သဘာဝတရားများ
ဖြစ်ခြင်း၊ ပျက်ခြင်း
အကြောင်းရာများ၏ နိဒါန်း၊ နိဂုံး
သတ္တ၀ါများ၏ မွေးဖွားခြင်း၊ သေဆုံးခြင်း
စစ် နှင့် ငြိမ်းချမ်းရေး
ဆင်းရဲခြင်းဒုက္ခ၊ ချမ်းသားခြင်းသုခ
လောကဓံတရား(၈)ပါး
ချစ်ခြင်း၊ မုန်းခြင်း
ပျော်ရွင်ခြင်း၊ ၀မ်းနည်းခြင်း
ကြည်နှုးခြင်း၊ လွမ်းဆွေးခြင်း
မနာလိုခြင်း၊ မုဒိတာပွါးခြင်း
ကောင်းခြင်း၊ ဆိုးခြင်း
ထိုအရာအားလုံးတို့သည်
ကံအားလျှော်စွာဖြစ်ပေါ်လာကြရာ
ထိုအရားအားလုံးကျတော့်တွင် နထ္ထိမရှိဟု
ကျတော်၏  ဥပေက္ခာဝါဒီတွင် အဆိုတင်သွင်း
ကျန်ရှိသော ကျတော့်နေစွဲများတွင်
ဥပေက္ခာဝါဒီတယောက်နေဖြင့်
သုညများဖြင့် ဖွဲ့စည်းနေထိုင်
မရှိခြင်းမှလာသောအရာများ
မရှိခြင်းမှာပင် အဆုံးသတ်
တခါတရံ ထိုသုညများကိုပင်
ဥပေက္ခာပြုချင်
သဗေသတ္တာကာမ္မသကာဟုပင်
နှုတ်ကရွတ်ဆိုချင်
“ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နှင့်
ငါဘုရားသည် အချည်မဟုတ်”
ပုံ/ဗုဒ္ဒ ……. ဆိုသည့်
ထောင်းတွင်းနံရံမှ ထိုစာသားလေးကို
သတိရမိပါတော့သည်….။

ချစ်ခင်လေးစာစွာဖြင့်

လမင်းပိုင်

In: ကဗျာ Posted By: Date: Sep 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment