Professional Authors

ကွဲ အက် ပြို ကျ ပြီး သွားတဲ့ နောက်

…လမ်းတစ်လျှောက်တွေ့ သော သူများကို
အကောင်းဆုံးဆက်ဆံရမည်
အဘယ်ကြောင့် ဆိုသော်
ငါသည် အခုလမ်းကို
နောက်တစ်ဖန် ပြန်မလျှောက်တော့ သည်မှာ
သေချာသောကြောင့် ဖြစ်သည်…တဲ့
ငါ နင့် အပေါ်မှာ
ကောင်းကောင်းမွန်မွန် ဆက်ဆံ ဖြစ်ခဲ့ လား
တစ်ညမှာ စဉ်းစားမိတယ်…
ကွဲ အက် ပြိုကျ ပြီးသွားတဲ့ နောက်
နင်ကလည်း
နင် ရှေးရှုတဲ့ အရပ်ဆီ…
ငါ ကလည်း
ငါ ယုံကြည်တဲ့ မနက်ဆီ…
အနှောင်း မသေချာ ဖို့များ
အစ မကောင်း ခဲ့ လေ သလား
အတောင် အလက် မစုံခင်
အပျံတတ်နှင့် နေခဲ့ သူနဲ့
အပျံ သင်စ ငှက်တစ်ကောင်တို့
ခတ်မိကြတဲ့ ပွဲ
အချိန် နည်းနည်းတော့ကြာခဲ့တယ်…
ငါဟာ နင့် ဘ၀ထဲက ဖြတ်လျှောက် တစ်ယောက်
မဆို သာ ပေမဲ့
နင် ကလည်း ငါ့ အတွက်
အနှစ်တစ်ရာ မမေ့ သာတဲ့ သူ
မဟုတ်ခဲ့ ဘူး….
မနူးမနပ် အချစ်နှစ်ခု ဟာ
ရင့် ကျတ် တဲ့ ဘ၀ တစ်ခု ဆီ
ဦးတည်သွားတတ်ပါတယ်
လက်ခံ သင့် ပေမဲ့
ကြိုးတန်းလမ်းလျှောက် ပြုတ်မကျခြင်းကို
ဂုဏ်ယူတတ်သူနဲ့
ခြေ တစ်လှမ်း လှမ်းဖို့တောင်
စနစ်တကျ
အုတ်စီပြီးမှ ချနင်းရဲတဲ့ သူတို့အကြား
ထိလွယ် ရှလွယ် အချစ်တစ်ခုဟာ
နှလုံးသားနှစ်ခုကို
ဒဏ်ရာတွေသာ များစေခဲ့တယ်…
ကွဲ အက် ပြို ကျ ပြီးသွားတဲ့နောက်
ဘီယာဆိုင် မကြာခဏ ထိုင်ဖို့များ
ခေါင်းစဉ်တပ်ရ လွယ်သွားခဲ့ သလား
ဘိလိယက်ခုံမှာ မိုးအလင်းပေါက်ဖို့ များ
ခေါင်းစဉ်တပ်ရ လွယ်သွားခဲ့ သလား
ဆံရှည်မလေး တစ်ယောက်ဆီမှာ အယူခံဝင်ဖို့များ
ခေါင်းစဉ်တပ်ရ လွယ်သွားခဲ့ သလား ငါ့မောင်ရေ…
ပန်းတိုင် တစ်ခု ရှိနေပါလျက်နဲ့
ရောက်အောင်သွားဖို့
ဘာ့ကြောင့်
ငါတို့ နှောင့်နှေးခဲ့ ကြ သလဲ
တော်ပါတယ် ဆိုတဲ့ နင်ကလည်း
ကောင်းအောင် အနေမတတ်ခဲ့ ဘူး
သည်းခံ တတ်တယ် ဆိုတဲ့ ငါကလည်း
နင့် ကိုပဲ ခွင့် မလွှတ်နိုင်ခဲ့ ဘူး…
ကိုယ့် အရှိန် နဲ့ ကိုယ်
လိမ့် နေကြတဲ့ ဘီးနှစ်ဘီး
အရှိန်ကုန် သွားတဲ့ အချိန်
ဆုံမှတ်ကို
အဝေးကြီး တို့ တတွေ
ကျော်နှင့် နေကြပြီးပြီ…
ကွဲ အက် ပြိုကျ မသွားခင်
ငါတို့ နှစ်ယောက်
ဟက်ဟက်ပက်ပက်
ရယ်လား ရယ်ခဲ့ရဲ့
ခွန်းကြီး ခွန်းငယ် ညီ ညွတ်လား ညီညွတ်ခဲ့ ရဲ့
လက်နှစ်ဖက် ကြား အင်အား တစ်စုံတစ်ရာ
တိုးလား တိုးခဲ့ ရဲ့လေ…
ကွဲ အက် ပြို ကျ ပြီးသွားတဲ့ နောက်
ငါ့ မောင် ငါ့ ကို
မုန်းတီး နေရော့ သလား
နာကျည်း နေရော့သလား
ခံပြင်း နေရော့ သလား လို့
ကိုယ့် ကို ကိုယ် အထင်ကြီး ကြည့်ဖူးတယ်…
တစ်ခုပဲ ရှိမဲ့ အိပ်မက်
ခြယ်တဲ့ အရောင်ချင်းမှ
မတူခဲ့ ကြတာကွယ်…
ကွဲ အက် ပြို ကျ ပြီးသွားတဲ့ နောက်
တုန်လှုပ်ခြင်းကင်း
ရင်ခုန်ခြင်းကင်း
အချစ်ကင်း အမုန်းကင်း
ကင်းရှင်းခြင်းတွေနဲ့
ငါ့မောင်ကို ငါနှုတ်ဆက်တယ်
ကွဲ အက် ပြို ကျ ပြီးသွားတဲ့နောက်…
ပြိုကျ ပြီးသွားတဲ့နောက်…
ပြီးသွားတဲ့နောက်…
သံစဉ်ချိုမြ စိမ်းလန်းခြင်းတွေ အောက်
ဂစ်တာလေး ခေါက်ရင်း
ငါ့ မောင်ရဲ့ တမ်း တ စိတ် လေး
မွတ်သိပ်ခြင်းမှ ကင်းဝေးပါစေလေ…။

In: ကဗျာ Posted By: Date: Aug 4, 2011
Comment #1

oh,,,,,,,,,,
so nice.

commentinfo By: eilay at Aug 4, 2011
Comment #2

ကဗျာလေးရှည်ပေမယ့် ဖတ်လို့ မအီအောင်ကို ကောင်းတယ်ဗျာ ။

commentinfo By: X - ray at Aug 4, 2011
Comment #3

အနှောင်း မသေချာ ဖို့များ
အစ မကောင်း ခဲ့ လေ သလား
အတောင် အလက် မစုံခင်
အပျံတတ်နှင့် နေခဲ့ သူနဲ့
အပျံ သင်စ ငှက်တစ်ကောင်တို့
ခတ်မိကြတဲ့ ပွဲ
အချိန် နည်းနည်းတော့ကြာခဲ့တယ်…
like this poem xo much

commentinfo By: အသဲကွဲမိုး at Aug 4, 2011
Comment #4

nice poem

commentinfo By: songmoezin at Aug 5, 2011
Comment #5

အရမ်းကောင်းတယ်ဗျာ life ဆန်တယ် ..အနှစ်ပါတယ် ကြိုက်တယ်ဗျာ…….

commentinfo By: မုဆိုး at Aug 5, 2011
Comment #6

ပန်းတိုင် တစ်ခု ရှိနေပါလျက်နဲ့
ရောက်အောင်သွားဖို့
ဘာ့ကြောင့်
ငါတို့ နှောင့်နှေးခဲ့ ကြ သလဲ
တော်ပါတယ် ဆိုတဲ့ နင်ကလည်း
ကောင်းအောင် အနေမတတ်ခဲ့ ဘူး
သည်းခံ တတ်တယ် ဆိုတဲ့ ငါကလည်း
နင့် ကိုပဲ ခွင့် မလွှတ်နိုင်ခဲ့ ဘူး…

Comment #7

ကောင်းလိုက်တာဗျာလို့ …..ကလွဲရင် ဘာပြောရမှန်းမသိဘူးဗျာ

commentinfo By: 13th at Dec 26, 2012
Comment #8

အနှောင်း မသေချာ ဖို့များ
အစ မကောင်း ခဲ့ လေ သလား
အတောင် အလက် မစုံခင်
အပျံတတ်နှင့် နေခဲ့ သူနဲ့
အပျံ သင်စ ငှက်တစ်ကောင်တို့
ခတ်မိကြတဲ့ ပွဲ
အချိန် နည်းနည်းတော့ကြာခဲ့တယ်

တော်တော်လေးကို ခိုက်မိပါတယ်ဗျာ

commentinfo By: 13th at Dec 26, 2012
Comment #9

ကျေးဇူးတင်ပါတယ်…အခုလို အားပေးကြ တာတွေကို…အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ….

commentinfo By: nwenyeinaye at Jan 4, 2013
Comment #10

like 🙂

commentinfo By: SoFarAwayFromU at Feb 28, 2013
Comment #11

ကြိုက်တယ်

commentinfo By: မိုးတိမ် at Mar 1, 2013
Comment #12

ထပ်မံပြီး ကျေးဇူးတင်ပါတယ်

commentinfo By: nwenyeinaye at Mar 1, 2013
Comment #13

Again

commentinfo By: 13th at Apr 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment