Professional Authors

ရတနာပုံ

အနီ နဲ့ အစိမ်း မှာ
အဖြူရောင် ဇာနားကွပ် ၀တ်စုံနဲ့
ရွှေရင်သိမ်းသစ် သမီးပျိုလေး…
မိန်းမ ဆန်ချင်မိရင်လည်း
နှင်းမြူပုဝါ ပါးပါးလေးခြုံလို့
တိတ်တိတ်လေး ရှက်နေတတ်တယ်…
မာန် ၀င့် မိရင်လည်း
အပူရောင် ဟာ ဖိတ်ဖိတ်တောက်
ကောင်းကင်တောင်မှ ဖျော့ ပေးရတယ်…
ဟော…၀မ်းနည်းလို့တဲ့
ရှိုက်ရှိုက်ချ လိုက်ရင်များ
သူ့ မျက်ရည် အလိမ့် အပြို မှာ
ဇာနားလေးတွေ တောင် ခိုက်ခိုက်တုန်…
ချစ်ရအောင်ကလည်း
တစ်နှစ်မှာ သုံးရာသီ ကြာတဲ့
ဗုဒ္ဓဟူး သမီး ဒေါသမှာ
ကြားဖူးနေကျ သီချင်းတောင်
အပြင်းရောင် ပြောင်းတယ်…
မုန်းလိုက်စို့ ရဲ့ ဆိုပြန်လည်း
စိတ်လိုလက်ရ ညနေခင်းမှာ
သက်တန့် ရောင် ဆံကျစ်ထဲ
နေအေးအေး တစ်ပွင့် ပန်
ဧရာဝတီနဲ့ မဏိပူရ ကို
သူမ လှမ်းငေး နေတာများ
တို့ မြေ ရဲ့ အငယ်ဆုံးသမီးလေးဟာ
ပီဘိ ကလေးမ လေးလို…။

In: ကဗျာ Posted By: Date: Aug 4, 2011
Comment #1

ဟော…၀မ်းနည်းလို့တဲ့
ရှိုက်ရှိုက်ချ လိုက်ရင်များ
သူ့ မျက်ရည် အလိမ့် အပြို မှာ
ဇာနားလေးတွေ တောင် ခိုက်ခိုက်တုန်…
great!!

commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #2

great poem

commentinfo By: songmoezin at Aug 5, 2011
Comment #3

အရမ်းကောင်းတယ် ညီမလေး…………….

commentinfo By: sitayenyein at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment