Professional Authors

နှစ်​သစ်​အ​တွေး

အေးစက်​ခြင်းနှစ်​သစ်​က
ငါ့အိပ်​မက်​ကိုလာနှိုးတယ်
.
အရိပ်​​တွေ အရိပ်​​တွေ အရိပ်​​တွေ
အတိတ်​မှာ​နေခဲ့ပါ​တော့
.
အ​ရောင်​​တွေလဲပေစွန်းလို့
အ​မှောင်​မှာကျက်​စားခဲ့တဲ့စိတ်
.
မာယာတစ်​သိန်းနဲ့အပြိုင်​နွှဲ
မှော်​ရုံ​တောထဲ​မှာမောခဲ့ပြီ…
.
ရီသံငိုသံ​တွေ​ပွေလီရှုပ်​​ထွေး
အချစ်​ကအမုန်း​ကိုသွေးကျိန်​စာတိုက်
.
အချိန်​ကနှလုံးသားကိုပါးပါးလှီး
ဆက်​ရမယ့်​လမ်း​ကအ​ဝေးကြီး
.
ငါတစ်​​ယောက်​ထဲသွားရမယ့်​ခရီး
မျှော်​ကြည့်​ပြီးဆု​တောင်း​ပေးတယ်
.
နေ​ရောင်​ခြည်​​နွေး​နွေး​အောက်​မှာ
နှလုံးသားများ​အေးမြကြပါ​စေသား…
In: ကဗျာ Posted By: Date: Jan 1, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment