Professional Authors

မိခင်၏ နှောင်ကြိုးကိုဖြည့်ပါအံ့ 

            မိခင်၏နှောင်ကြိုးကိုဖြည့်ပါအံ့ 
သည်းစွာသော အနာကို ကုစားပါအံ့..
သမီး၏လုံ့ လဝိရိယဖြင့် နာလံထူပါစေအံ့  ။
မွေးကျေးဇူးကိုမသိတတ်သော ….
ထိုသူတို့အား သိနားလည်အောင်…
ဆွဲဆောင်နိုင်စွမ်းကို သမီးအားပေးပါလေ …။
တွေ့ ရအံ့ သော ဘေးရန်တို့ကို…
သမီးထီမည်မဟုတ်…….
တစ်ဘဝတွင် တခါသာသေရသည်ဖြစ်၈်ျ…
အဘယ်နည်းဖြင့် သေရသည်ဖြစ်စေ….
သမီးတွင်မထူးခြား…….
သမီး၏စိတ်ကူးတို့ အကယ်အဖြစ်သို့….
ရောက်သောအချိန်တွင် အသင်တို့သည်လည်း…
ပျော်မြူး ကြရမည်…။
အခြားခြားသောသူတို့၏ ရှုတ်ခြခြင်း ၊ကဲ့ရဲ့ခြင်း …
မုန်းတီးခြင်း ၊ ရွံ့ ရှာခြင်း ၊ နာမည်ဖျက်ခြင်းတို့ကို…
သမီး အလျှင်းဂရုမပြု……
မိခင်ထံမှ ဒါမှ” ငါ့သမီး ” ဟူသော…
ကျူးရင့် သံကိုသာ တောင့်တမိပါ၏  ။
လောကတွင် မိခင်၏ ကျေးဇူးကို…
သမီးဖြစ်ရပါလို…….။

အောင်ဆန်းစုကြည်

……အများဖတ်နိုင်ရန် ဝေမျှခြင်းစေတနာသက်သက်သာ…..
        မိုးဝေ

In: ကဗျာ Posted By: Date: Dec 22, 2011
Comment #1

ကျေးဇူးတင်ပါတယ် မိုးဝေ

commentinfo By: အသဲကွဲမိုး at Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment