Professional Authors

ငါဆိုတာ……

သံယောဇဉ်ဆိုတဲ့စကားက
ငါ့အတွက်ဆိုရင် အလွမ်းဘက်မှာ မဲ များနေတယ်…..
ချစ်ခြင်းတွေ ထိုးသိပ်
တခါတလေတွေဆိုရင်
တမ်းတခြင်းတွေအောက်မှာပဲ
ရင်ခုန်ရခြင်းတွေ ကျပျောက်လိုက်….သေဆုံးလိုက်….။
 
မျှော်လင့်ချင်နေသေးတဲ့
အိမ်မက်အကြွင်းအကျန်တွေထဲ
ငါတစ်ယောက်တည်း အနမ်းဝင်္ကပါတွေ ဖန်တီး
ဖိစီးနေတဲ့……အထီးကျန်ခြင်းတွေအားလုံး
အနည်းငယ်မျှ ဖြေသာစေချင်တဲ့သဘောပေါ့……။
 
ဝေးကွာခြင်းတစ်နေရာမှာ
အားငယ်မှုတွေများပြားနေကြောင်း
နင် သိအောင်ဖွင့်ပြော
စိတ်ကူးတွေထဲပဲ နင်အလည်လာတဲ့အခါ
မျက်ရည်တွေရဲ့အောက်မှာ…..
 ငါ….ရင်နာနာနဲ့ အကြိမ်ကြိမ်….ရှုံးနိမ့်ခဲ့ရတယ်။
 
နင်သာ “ငါ့ဘ၀ရဲ့ သခင် ပါ”
ဒီစကားကို နင်ကျက်မှတ်
ငါ့ရင်ခွင်ကို မြင်အောင်ကြည့်ပေးလှည့်ပါ….။
 
နင် မကြာခဏ ဂရုစိုက်ပေးတတ်တဲ့
ငါ ဟာ….
နင်….ထာဝရ ခွဲခွာသွားမှာလည်း သေမလောက် ကြောက်နေတဲ့သူပါ…။
 
အမိန့်ပေးခြင်းမဟုတ်တဲ့
မှာတမ်းခြွေခြင်းတွေကြား…..
ငါ့ ၀မ်းနည်းစိတ်တွေ မြုပ်နှံ….နားလည်မှုတွေလည်း ရင်းနှီးပေးရင်း
လက်တွဲမဖြုတ်ခြင်းကို အရယူထားတယ်…။
 
အချိန်တွေဘယ်လောက်ကြာကြာ…
မပြောင်းလဲတတ်သော ခံစားချက်တွေနဲ့
နင်လိုရာ စေခိုင်းနိုင်သော…..
ငါ့ကိုယ်တည်သရွေ့……
နင် စိတ်ချပါ……
နင် ယုံကြည်ပါ……
နင် ရွက်လွှင့်ပါ…….
ငါဆိုတာ……နင့်အတွက်ပဲ ….နင့်ကြောင့်ပဲ
အမြဲတမ်း ရှင်သန်နေခဲ့ရတဲ့သူပါ……..။    ။
 
 
In: ကဗျာ Posted By: Date: Aug 4, 2011
Comment #1

သံယောဇဉ်ဆိုတဲ့စကားက
ငါ့အတွက်ဆိုရင် အလွမ်းဘက်မှာ မဲ များနေတယ်……..
ကောင်းတယ်ဗျာ

Comment #2

နင်သာ “ငါ့ဘ၀ရဲ့ သခင် ပါ”
ဒီစကားကို နင်ကျက်မှတ်
ငါ့ရင်ခွင်ကို မြင်အောင်ကြည့်ပေးလှည့်ပါ….။

နင် မကြာခဏ ဂရုစိုက်ပေးတတ်တဲ့
ငါ ဟာ….
နင်….ထာဝရ ခွဲခွာသွားမှာလည်း သေမလောက် ကြောက်နေတဲ့သူပါ…။
………….
ဘာမှမပြောခဲ့တော့ဘူး..ဖြစ်တယ်မှတ်လား…ကေ

commentinfo By: အသဲကွဲမိုး at Aug 4, 2011
Comment #3

ငါဆိုတာ……နင့်အတွက်ပဲ ….နင့်ကြောင့်ပဲ
အမြဲတမ်း ရှင်သန်နေခဲ့ရတဲ့သူပါ……..။ မကေ အ၇မ်းကောင်းတယ်နော်…အားပေးသွားတယ်

commentinfo By: ဘု၇င်မ မာယာ at Aug 4, 2011
Comment #4

အချိန်တွေဘယ်လောက်ကြာကြာ…
မပြောင်းလဲတတ်သော ခံစားချက်တွေနဲ့
နင်လိုရာ စေခိုင်းနိုင်သော…..
ငါ့ကိုယ်တည်သရွေ့……
နင် စိတ်ချပါ……
နင် ယုံကြည်ပါ……
နင် ရွက်လွှင့်ပါ…….
ငါဆိုတာ……နင့်အတွက်ပဲ ….နင့်ကြောင့်ပဲ
အမြဲတမ်း ရှင်သန်နေခဲ့ရတဲ့သူပါ……..။ ။
မကေ…ကောင်းတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 4, 2011
Comment #5

နင် မကြာခဏ ဂရုစိုက်ပေးတတ်တဲ့
ငါ ဟာ….
နင်….ထာဝရ ခွဲခွာသွားမှာလည်း သေမလောက် ကြောက်နေတဲ့သူပါ…။good

commentinfo By: Han Paing Oo at Aug 4, 2011
Comment #6

အရမ်းကောင်းတယ်..အမကေသရီ အားပေးလျှက်

commentinfo By: songmoezin at Aug 4, 2011
Comment #7

ကျေးဇူးပဲ……
ကေ့ကဗျာလေးကို အားပေးတဲ့ မောင်နှမတွေအားလုံး~~~~~~
ကျေးဇူးပါ
😀

commentinfo By: ကေသရီ at Aug 4, 2011
Comment #8

သံယောဇဉ်ဆိုတဲ့စကားက
ငါ့အတွက်ဆိုရင် အလွမ်းဘက်မှာ မဲ များနေတယ်…..

သုံးထားတာလေး…ကြိုက်၏။

commentinfo By: terry at Aug 4, 2011
Comment #9

really nice.
i like so much.

commentinfo By: eilay at Aug 4, 2011
Comment #10

ဝေးကွာခြင်းတစ်နေရာမှာ
အားငယ်မှုတွေများပြားနေကြောင်း
နင် သိအောင်ဖွင့်ပြော
စိတ်ကူးတွေထဲပဲ နင်အလည်လာတဲ့အခါ
မျက်ရည်တွေရဲ့အောက်မှာ…..
ငါ….ရင်နာနာနဲ့ အကြိမ်ကြိမ်….ရှုံးနိမ့်ခဲ့ရတယ်။

commentinfo By: jenny at Aug 4, 2011
Comment #11

ငါဆိုတာ…နင့်အတွက်ဘဲ….နင့်ကြောင့်ဘဲ
အမြဲရှင်သန်နေခဲ့ရသူပါ စာသားလေးမိုက်တယ်ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 4, 2011
Comment #12

အချိန်တွေဘယ်လောက်ကြာကြာ…
မပြောင်းလဲတတ်သော ခံစားချက်တွေနဲ့
နင်လိုရာ စေခိုင်းနိုင်သော…..
ငါ့ကိုယ်တည်သရွေ့……
နင် စိတ်ချပါ……
နင် ယုံကြည်ပါ……
နင် ရွက်လွှင့်ပါ…….
ငါဆိုတာ……နင့်အတွက်ပဲ ….နင့်ကြောင့်ပဲ
အမြဲတမ်း ရှင်သန်နေခဲ့ရတဲ့သူပါ……..။ ။
တကယ်ကာင်းလိုက်ပုံများ ရေးချက်က 9 လောက်ရှိတယ်… 😀

commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #13

ငါဆိုတာ……နင့်အတွက်ပဲ ….နင့်ကြောင့်ပဲ
အမြဲတမ်း ရှင်သန်နေခဲ့ရတဲ့သူပါ…… ခိုက်တယ်ဗျာ ..
လူဆိုးတောင်ငေးသွားတယ် ..ဟိဟိ

commentinfo By: chityellusoelay at Aug 4, 2011
Comment #14

kaung tak thate ma pyw tat woo

commentinfo By: kaungkaung at Aug 5, 2011
Comment #15

“အချိန်တွေဘယ်လောက်ကြာကြာ…
မပြောင်းလဲတတ်သော ခံစားချက်တွေနဲ့
နင်လိုရာ စေခိုင်းနိုင်သော…..
ငါ့ကိုယ်တည်သရွေ့……
နင် စိတ်ချပါ……
နင် ယုံကြည်ပါ……
နင် ရွက်လွှင့်ပါ…….
ငါဆိုတာ……နင့်အတွက်ပဲ ….နင့်ကြောင့်ပဲ
အမြဲတမ်း ရှင်သန်နေခဲ့ရတဲ့သူပါ……..”

အရမ်းကောင်းပါတယ် ကေရေ..

commentinfo By: kyi kyi at Aug 5, 2011
Comment #16

wherever,whenever,however i m for u forever.

commentinfo By: ei lay at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment