ပြော…..
ပြောချင်တာပြော
ပြောမရလည်းပြော
လုပ်ချင်သလိုပြော
ပြောချင်သလိုပြော
ငိုရင်းပြော
ရီရင်းပြော
ဟန်ဆောင်ရင်းပြော
ပြော…ပြော….ပြော……..
ဝမ်းနည်းလည်းပြော
ဝမ်းသာပြော
ချစ်လည်းပြော
မုန်းလည်းပြော
ပြောချင်သလို ပြော……
ခံစားချက်မဲ့ပြော
မချစ်နဲ့ပြော
အမေလည်းပြော
ပါးစပ်မရှိတောင် တွေ့ရာနဲ့ပြော
ပြော…မော..မော….
မနားတမ်းပြော
သောက်ရင်းပြော
ထွက်ရင်းပြော
အိပ်ရင်းပြော
သေလည်းပြော
ငွေလည်းပြော
အာပေါက်အောင်ပြော…..
နူနာပြော
လည်မျိုပြော
အချိုပြော
အခါးပြော
ပြော. …ပြော…ပြော….မော….
ရိုးတယ်ပြော
အတယ်ပြော
တတွတ်တွတ်…..ပြော
ဒါလုပ်ပါပြော
ပြောပြီးရင်းပြော
မညှာတမ်းပြော
မနှာတမ်းပြော
လွမ်းကြောင်းပြော
အမေ့သတိတယပြော….
ဖေကြီးပြော
ဝမ်းစာရှာရခက်ပြော
သမုဒ္ဒရာ အထပ်ထပ်ပြော
မိန်းမယူတာ မှားသကွာပြော
အချစ်နောက်လိုက်ရင်းမှားခဲ့သကွာပြော
ဘုန်းတော်ကြီးလုပ်မယ်ပြော
ပါးစပ်ကပြော
ရင်ထဲကပြော
ဘယ်လိုပြော..ပြော
မောအောင်ပြော။
Comment #2
ကဗျာထဲကစာသားလေးတွေယူချင်လို့ခွင့်ပြူပါနော် ပြောချင်သလိုပြောနေတဲ့သူတွေကိုပြောချင်လို့ ဟဲဟဲ
By:ွှToe Toe at Sep 24, 2010
Comment #3
maw like tar,,
he,,he,,
By: ei lay at Jan 10, 2012




Comment #1
ဖတ်ရင်း မောတောင်လာတယ်ဗျို့
တော်တော်လည်း ပြောနိုင်တဲ့ ကဗျာဆရာပဲ 🙂