Professional Authors

ငါ့ချစ်ခြင်း…ဆိုတာ

ကောင်းကင်ပေါ်ကမိုးမှ
ရွာချတတ်တာ မဟုတ်ပါဘူး
နင်သာကြည်ဖြူမယ်ဆို
ငါ့ဆီက ချစ်ခြင်းအားလုံး
နင့်ဆီ သက်ဆင်းစေခဲ့တာ ကြာပြီပေါ့…။

မေ့လောက်ပြီလို့ မတွေးပါနဲ့
မမေ့နိုင်အောင်ချစ်ခဲ့တဲ့ ငါ့အတွက်
အစတည်းက မေ့မရခြင်းတွေ
နင်ထံ သက်ရောက်စေခဲ့တာမျိုးပေါ့….။

စွန့်လွှတ်လိုက်တာမျိုး မဟုတ်ပါဘူး
ငါတတ်နိုင်တဲ့အင်အားက
နင့်ဘ၀တင့်တယ်လာစေဖို့
ငါကိုယ်တိုင်ယုံကြည်ချက် ပျောက်သွားတာမျိုး…။

ရှိနေမှဖြစ်မှာဆိုပေမယ့်
အနှိုင်းမဲ့ချစ်ခြင်းဆိုတာမျိုးက
နင်နစ်မွန်းသွားမှာတွေးကြောက်ရင်း
ငါကိုယ်တိုင်လမ်းပျောက်သွားတာမျိုးပေါ့ဟာ…။

In: ကဗျာ Posted By: Date: Mar 26, 2011
Comment #1

ကောင်းကင်ပေါ်ကမိုးမှ
ရွာချတတ်တာ မဟုတ်ပါဘူး
နင်သာကြည်ဖြူမယ်ဆို
ငါ့ဆီက ချစ်ခြင်းအားလုံး
နင့်ဆီ သက်ဆင်းစေခဲ့တာ ကြာပြီပေါ့…။

စာသားတွေကတော့ ကြွေစင်တွေချည်းပဲ.. တော်တယ်ကွာ နာ့မကြီးက..

commentinfo By: လေလွင့်သူ at May 26, 2011
Comment #2

wow,,,
lae sar par de.
ei lay lone wa ma loak naing bu.

commentinfo By: ei lay at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment