Professional Authors

အိုးခြမ်းပဲ့

နေသာမဲ့နေတစ်နေ့
မိုးတွေဝုန်းဒိုင်းရွာချတော့
လျှပ်စီးတွေလည်းတဖျပ်ဖျပ်မလက်နိုင်
မိုးချုန်းသံတွေလည်းမကြားခဲ့ရ
အာရုဏ်ဦးကိုလည်းမှန်းဆလို့
မဖူးမြှော်ခဲ့မိ
အခန်းကျဉ်းလေးထဲတိတ်ဆိတ်ရင်း
မာသာထရီဇာရဲ့စကားကိုပြန်ကြားရောင်မိ
ချစ်ခြင်းကမိသားစုကစတာတဲ့
စားတိုက်လို့တော့မရယ်မောဖြစ်ခဲ့ပါဘူး
အဆင်မပြေမှုတွေကြားထဲမှာကြီးပြင်းခဲ့ရတဲ့
ကလေးတစ်ယောက်
ရိုင်းစိုင်းတတ်တာတော့အပြစ်တစ်ခုမဟုတ်ခဲ့ဘူးထင်ပါရဲ့
ဝမ်းနည်းလွန်းလို့တစ်ယောက်တည်းကြိတ်ငိုခဲ့ရတဲ့
ညမှောင်မှောင်တွေ
ကွဲသံ၊ရှသံ၊ပြိုလဲသံတွေ
ကြောက်လွန်းလို့နှုတ်ခမ်းကိုက်
အံကြိတ်ခဲ့ရတဲ့ညတွေ
ဒဏ်ရာအမာရွတ်တွေကအမှတ်တရတွေပေါ့
လိုချင်ခဲ့တာအကြင်နာမေတ္တာတွေ
ပျောက်ဆုံးခဲ့တာလည်းအဲဒါတွေ
ငါလိုချင်တဲ့မိသားစုဘ၀မရခဲ့လေတော့
ငါဘ၀မှာ
မိသားစုဆိုတာဘာအဓိပ္ပာယ်သက်ရောက်မှုများ
ရှိဦးမှာမို့လို့လဲ……….။

In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1

ဘယ်လိုပြောရမယ်တောင်မသိတော့ဘူး
ကဗျာကိုဖတ်ပြီး…စိတ်မကောင်းဖြစ်မိတယ်။

commentinfo By: poem.poem28 at Aug 2, 2011
Comment #2

အဆင်မပြေမှုတွေကြားထဲမှာကြီးပြင်းခဲ့ရတဲ့
ကလေးတစ်ယောက်
ရိုင်းစိုင်းတတ်တာတော့အပြစ်တစ်ခုမဟုတ်ခဲ့ဘူးထင်ပါရဲ့
ဝမ်းနည်းလွန်းလို့တစ်ယောက်တည်းကြိတ်ငိုခဲ့ရတဲ့
ညမှောင်မှောင်တွေ
ကွဲသံ၊ရှသံ၊ပြိုလဲသံတွေ
ကြောက်လွန်းလို့နှုတ်ခမ်းကိုက်
အံကြိတ်ခဲ့ရတဲ့ညတွေ
ဒဏ်ရာအမာရွတ်တွေကအမှတ်တရတွေပေါ့
လိုချင်ခဲ့တာအကြင်နာမေတ္တာတွေ
ပျောက်ဆုံးခဲ့တာလည်းအဲဒါတွေ
ငါလိုချင်တဲ့မိသားစုဘ၀မရခဲ့လေတော့
ငါဘ၀မှာ
မိသားစုဆိုတာဘာအဓိပ္ပာယ်သက်ရောက်မှုများ
ရှိဦးမှာမို့လို့လဲ……….။

commentinfo By: May Kha at Aug 2, 2011
Comment #3

အခန်းကျဉ်းလေးထဲတိတ်ဆိတ်ရင်း
မာသာထရီဇာရဲ့စကားကိုပြန်ကြားရောင်မိ
ချစ်ခြင်းကမိသားစုကစတာတဲ့

commentinfo By: မယ်မနော at Aug 2, 2011
Comment #4

ိကိုယ်အလှည့်ကျရင်
အကောင်းဆုံးမိသားစုကို မင်းတည်ထောင်နိုင်ပါတယ်။
အဆိုးဆုံးကိုကြုံဖူးတဲ့သူက
အကောင်းဆုံးတည်ဆောက်နိုင်ပါတယ်။

commentinfo By: jenny at Aug 2, 2011
Comment #5

စကားလုံးတွေ များများ သုံးထားတော့ ကဗျာက လေးသွားတယ်

Comment #6

yes,,parental love is cool.
everyone must have it.
it’s the prescious life.

commentinfo By: ei lay at Aug 3, 2011
Comment #7

တကယ့်ကိုစိတ်မကောင်းစရာပါလာ….ဘာဖြစ်ဖြစ် အားတင်ထားပါ…

commentinfo By: songmoezin at Aug 3, 2011
Comment #8

အဆင်မပြေမှုတွေကြားထဲမှာကြီးပြင်းခဲ့ရတဲ့
ကလေးတစ်ယောက်
ရိုင်းစိုင်းတတ်တာတော့အပြစ်တစ်ခုမဟုတ်ခဲ့ဘူးထင်ပါရဲ့ ။ ကိုယ်ချင်းစာတယ်ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 3, 2011
Comment #9

အဆင်မပြေမှုတွေကြားထဲမှာကြီးပြင်းခဲ့ရတဲ့
ကလေးတစ်ယောက်
ရိုင်းစိုင်းတတ်တာတော့အပြစ်တစ်ခုမဟုတ်ခဲ့ဘူးထင်ပါရဲ့..
အဓိပ္ဗါယ် ကြွယ်ဝတယ်…

commentinfo By: ဖိုးနမ်း at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment