Professional Authors

“၀သန်နာရီများ ကျိုးပဲ့တဲ့ ည …´´

ကျေးဇူးပြုပြီး …
ကျွန်တော့်ကို တစ်ယောက်တည်း မထားခဲ့ကြပါနဲ့ဗျာ …
…………………………………
…………………………….
…………………..
ကွဲကြေနေတဲ့ နှလုံးသားကို ဒီညနေ ၀တ်ဆင်ပြီး …
ငိုကြွေးနေတဲ့ ကောင်းကင်ကြီးအောက်
ခေါင်းလျှိုလိုက်တယ် …
နောက် …
သေချာတာတစ်ခုကို ဦးဏှောက်ထဲ
ကဗျာကသီပန်ဆင်ထားလိုက်တယ် …
“ ဒီညတော့ ငါ့မှောင်မိုက်ခြင်းတွေ …
ကခုန်မြူးတူးကြပြီ … ´´
………………………..
(၂)
တစ်ယောက်တည်း ဘ၀မှာ …
(အသည်းကွဲနေတဲ့ ညမှာ …)
စိတ်အတွေးတွေ နှစ်ကျထောင်သားတချို့လို
ရိုင်းစိုင်းတတ်လွန်းလို့ပါ …
စက္ခုအာရုံတွေ နတ်ဆိုးကမ္ဘာမှာ ယိုင်လဲကျတတ်လွန်းလို့ပါ …
တွေးနေသမျှ အားလုံး …
စေတန်စေရာ တမန်ဆိုးတွေ …
…………………………………..
(၃)
အသည်းကွဲနေတဲ့ ညမှာ
လမင်းကို လွှတ်ချ …
တစ်ယောက်တည်း နီယွန်မီးထောင်သောင်းများစွာအောက်က
ဆိုင်မြိုင်ခြင်း အသက်ရှုသံတွေကို …
ပုံဖော်ကြည့်တော့ …(သူတို့အားလုံး)
ဒုတိယကောင်းကင်ကြီးအောက်မှာ ကျိန်းစက်နေကြပြီ …
……………………………………………….
(၄)
ကဗျာ …
ကောင်မလေး …
အသည်းကွဲခြင်း …
အလွမ်းအဆွေး …
နှင်းဆီအပြုံး …
နတ်ဆိုးနှုတ်ခမ်းတွေရဲ့ ကျိန်စာတွေ …
လှပခြင်း ကျိန်စာသင့်နေတဲ့ အိပ်မက်တွေ …
အားလုံး ….
အားလုံးနဲ့ ဝေးရာ …
မှောင်မိုက်ခြင်း ကမ္ဘာတို့ဆီ …
ဒီမိုးတွေ လှိုင်လှိုင်ပြုတ်ကျတဲ့ ညမှာ …
(ဒြပ်မဲ့လမင်းတစင်းနဲ့)
မိုးတိမ်တသိုက်လို အေးအေးလူလူဖြတ်သန်းသွားချင်တယ် အမေ …

In: ကဗျာ Posted By: Date: Jul 22, 2010
Comment #1

…………….
ကြိုက်တယ်….

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #2

အားပေးသွားပါတယ်ခင်ဗျာ ..။

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment