ခရမ်းရောင် (၁)
ခရမ်းရောင် (၁)
ခရမ်းရောင် ရေ
နင့်ကို
ငါချစ်တယ်။
နေလိုတစ်သွယ်
လနှယ်တစ်မျိုး
ငါ့ကိုလာအုပ်စိုးပါ ခရမ်းရောင်။
ဟောသည်ကမ္ဘာ မှောင်မှောင်မှာ
ဘယ်အရောင်အ၀ါမှ
မဖြစ်ထွန်းဖူးခဲ့လို့
တိုးတိုးလေး တိုင်တည်မိတာ ပါ။
ဗွေယူခဲ့ရင်
တစ်ဖက်သတ် အိပ်မက်ကို နှင်ပါ။
ဗွေမယူခဲ့ရင်
ငါ့ရင်ခွင် တစ်ဖက်ကို
အသက်ဆက်ခွင့် ပေးလိုက်ပါ ခရမ်းရောင်။
ဘယ်လောက်ပဲမှောင်မှောင်
ငါက လောင်မြိုက်ရသူပါ။
အပြစ်ခါးခါး
စကားတစ်ပွင့် နဲ့
ခပ်ရင့်ရင့် တိုင်တည် ပါရစေ။
နင့်ကို
ငါချစ်တယ်
ခရမ်းရောင်.။
ရစ်လုံး
Comment #2
ခပ်ရင့်ရင့်တိုင်တည်….
ရင်ချင်းနီးစပ်လိုက်တာညီငယ် 🙂
 By: 13th at Jun 2, 2013
                        By: 13th at Jun 2, 2013
                    Comment #3
ဘယ်လောက်ပဲမှောင်မှောင်
ငါက လောင်မြိုက်ရသူပါ
အားပေးသွားပါတယ်
 By: မေပျို at Jun 2, 2013
                        By: မေပျို at Jun 2, 2013
                    Comment #5
like
like
 By: ရင်ဝှက်ပန်း at Jun 2, 2013
                        By: ရင်ဝှက်ပန်း at Jun 2, 2013
                    Comment #6
So much cute
 By: ei lay at Jun 2, 2013
                        By: ei lay at Jun 2, 2013
                    Comment #7
နှစ်သက်မိပါတယ်…ခရမ်းရောင် ဆိုတော့ ပို ကြိုက်သွားမိ
 By: အသဲကွဲမိုး at Jun 3, 2013
                        By: အသဲကွဲမိုး at Jun 3, 2013
                    Comment #8
နင့်ကိုငါချစ်တယ် ….. ခရမ်းရောင်
 By: နွေ at Jun 3, 2013
                        By: နွေ at Jun 3, 2013
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ညီလေး…အချစ်ကဗျာရေးပြီကိုး…ဝမ်းသာပါတယ်..