Professional Authors

ကြောက်ပါရဲ့

မျက်ဝန်းရဲ့
အတိမ်အနက်
မချိန်ဆတတ်တဲ့ငါ
ခက်ချေပြီ……။
အေးစက်စက်
အကြည့်တချို့က
နင့်ကိုငါ
ဘယ်လောက်မုန်းသလဲလို့
ကိုယ်စားလှည်ဖြင့်
ပြောနေသလို…..။
ချစ်တတ်လာအောင်
လုပ်တဲ့ကျမ်း
ငါ့ဆီမှာမရှိ…..။
ငါ့ဆီမှာက
ဖြူစင်တဲ့
ကြင်နာခြင်းအချို့ကလွဲပြီး
ကျန်တာတော့
မရှိချေဖူး…………။
မမုန်းဖူးလဲမပြော
ချစ်တယ်လဲမပြော
ဘာကို ဘာမှမပြောတဲ့
မင်းနဲ့ မင်းရဲ့မျက်ဝန်းတွေဟာ
ငါကြောက်လွန်းလွန်းလို့
အိပ်မက်ထဲမှာတောင်
ယောင်ယောင်ပြီးအော်အော်မိတယ်လေ……….။
ဘန်ကီမွန်းရေ
ဒုက္ခသည်များ ဆိုင်ရာ
မဟာမင်းကြီးကို
ပြောပေးပါ
အချစ်ဒုက္ခသည်ကို လက်ခံလားလို့………..။
မခံစားပရစေနဲ့………..။

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

ဘန်ကီမွန်းရေ
ဒုက္ခသည်များ ဆိုင်ရာ
မဟာမင်းကြီးကို
ပြောပေးပါ
အချစ်ဒုက္ခသည်ကို လက်ခံလားလို့………..။
မခံစားပရစေနဲ့………..။
……………………..
အင်း……………………………….ဒီခံစားချက်တွေက
တကယ်တမ်းခံစာခဲ့ရတဲ့သူတွေအဖို့ 
သကြားမင်းတောင်မကယ်နိုင်လောက်အောင်ပါပဲ…..
လေးစားပါတယ်….

commentinfo By: yaewintaung at Sep 15, 2011
Comment #2

အေးစက်စက်
အကြည့်တချို့က
နင့်ကိုငါ
ဘယ်လောက်မုန်းသလဲလို့
ကိုယ်စားလှည်ဖြင့်
ပြောနေသလို…..။
ကောင်းတယ်ဗျာ…
ကိုယ်စားလှည်က ယပင့်အသတ်နဲ့လားလို့ ကိုယ်စားလှယ်
(နဲနဲလွဲနေလားလို့ပါ) 🙁

commentinfo By: ကြယ်စစ်သည် at Sep 15, 2011
Comment #3

mike de kwar,,.,
really nice.

commentinfo By: ei lay at Sep 18, 2011
Comment #4

Super like

commentinfo By: ei lay at Oct 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment