ကျွန်တော်ခင်ဗျားကို ချစ်သေးတယ် (မိုးထက်အောင်)
ကျွန်တော်ခင်ဗျားကို ချစ်သေးတယ်
အစိမ်းသေ အိမ်မက်တွေ
ကောင်းကင်ရဲ့မျက်နှာကြတ်မှာချိတ်ဆွဲ
(ကျွန်တော်………)
ရာစုနှစ် အဟောင်းတွေထဲမှာပဲနေခဲ့တယ်
သင်သွားလိုရာ သွားနိုင်ပါရဲ့…..
…………………………………………….
တွယ်မိတဲ့ကြိုး ကိုယ်တိုင်ဖြတ်တောက်
(ခင်ဗျားရဲ့တိမ်တွေ………)
တောမမှောက်တော့ပါဘူး
(အဲဒီ့မိုးလည်း……)
ညိုချင်မှညို ပြိုချင်မှပြို
(ပြီးတော့……..)
ကျွန်တော့်ကိုလည်း စိုချင်မှစို….
…………………………………………………
ဟော့ဒီကောင်ရဲ့ကောင်းကင်
မိုးတိမ်ကင်းစင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
ခပ်ဟောင်းဟောင်းရင်ဘတ်
အရှိုးရာတွေလည်းထပ်ခဲ့
(ဒါပေမယ့်…….)
ကျွန်တော် ကျေနပ်တယ်…….
………………………………………………………………
(ကဲ…………)
နင်မပတ်သက်ချင်တော့တဲ့ဇာတ်
ဒီနေရာမှာပဲ တစ်ခန်းရပ်လိုက်တယ်
ကျွန်တော်သေခဲ့ရင်
(စိတ်မရှိပါနဲ့ …………..)
ခင်ဗျားကိုချစ်တာ
သံသရာမှာ မောင်းခတ်ပြီး ကြေငြာမယ်………..
………………………………………………………..။
မိုးထက်အောင်
Comment #2
mike de.
By: ei lay at Aug 2, 2011
Comment #3
ကဗျာကောင်းလေးဘဲ အားပေးသွားတယ်ဗျာ ။
By: X - ray at Aug 3, 2011
Comment #4
အစိမ်းသေ အိမ်မက်တွေ
ကောင်းကင်ရဲ့မျက်နှာကြတ်မှာချိတ်ဆွဲ
(ကျွန်တော်………)
ရာစုနှစ် အဟောင်းတွေထဲမှာပဲနေခဲ့တယ်
သင်သွားလိုရာ သွားနိုင်ပါရဲ့…..
…………………………………………….
ကိုမိုးထက်အောင်အားပေးသွားပါတယ်။
By: poem.poem28 at Aug 3, 2011
Comment #6
ကျွန်တော်သေခဲ့ရင်
(စိတ်မရှိပါနဲ့ …………..)
By: အသဲကွဲမိုး at Aug 3, 2011
Comment #7
အားလုံးကျေးဇူးတင်ပါတယ်ဗျာ……
By: moehtetaung18 at Aug 3, 2011
Comment #8
ကျွန်တော်သေခဲ့ရင်
(စိတ်မရှိပါနဲ့ …………..)
ခင်ဗျားကိုချစ်တာ
သံသရာမှာ မောင်းခတ်ပြီး ကြေငြာမယ်.. well done well done!!
By: ဖိုးနမ်း at Aug 3, 2011
Comment #9
ခင်ဗျား လို့ တောက်လျှောက်သုံးသွားပြီး
{ (ကဲ…………)
နင်မပတ်သက်ချင်တော့တဲ့ဇာတ်
ဒီနေရာမှာပဲ တစ်ခန်းရပ်လိုက်တယ် }
အပိုဒ်ရောက်မှ နင် ဖြစ်သွားတာကလွဲရင် အရမ်းကောင်းတယ်ဗျာ ။
By: ထူးဝေ at Aug 5, 2011




Comment #1
ကောင်းတယ် ကဗျာကိုလည်း ကြိုက်တယ် ..မောင်းခတ်ကြေညာတာလည်း ကြိုက်တယ်