Professional Authors

ယားလို့ ရေးတဲ့ ကျွန်တော့်ကဗျာ (မိုးထက်အောင်)

လေးတစ်လက် မြှားတစ်စင်း
ပစ်ကွင်းကရှင်းပါတယ်
ကြောင်ကလဲ နလန်ထ
ဇရက်ကလည်း ဖလန်းဖလန်းထ
ဓမ္မကထိကနဲ့ စပိဘုတ်
တော်တော်တော့ဟုတ်တယ်
ကတုံးပေါ်ကွက်တဲ့ထိပ်က ခပ်ပြောင်ပြောင်

ယဉ်ကျေးမှုထွန်းကားတဲ့မြို့ ဆိုလား
ပုဆိုးမနိုင်ပ၀ါမနိုင်
(သရဲနဲ့  ကျွဲ………)
အလဲအကွဲ ခတ်နေကြတယ်
လူရိုင်းနဲ့ ပဲလက်ဆွဲနှုတ်ဆက်
တစ်ချို့ တစ်ချို့ တွေ အက်ကြောင်းထပ်နေခဲ့တယ်

ဒါနဲ့ ဖိလို ပိခဲ့ ရမယ်ဆို
(ဒီကောင်ဆိုတာလဲ……..)
 ပြားနေခဲ့တာကြာပေါ့
အိမ်ရှေ့ ကားပိတ်မရပ်ရ
နွားလှည်းအ၀င်အထွက်ရှိသည်
ကိုယ့်အထုပ်ကိုယ်ထမ်း
ကိုယ့်လမ်းကိုယ်ပြန်
(ဒီကောင့်ကဗျာ……)
ဘယ်နေရာမှမပါလည်းရေးတယ်

မသတ်နဲ့  မဖြတ်နဲ့ 
အိမ်မက်တွေလတ်ဆတ်တယ်လို့ အော်မရောင်းဘူး
ယားလို့ ရေးတဲ့ကျွန်တော့်ကဗျာ
စေတနာပါရင်လက်ဆောင်ပို့ ပေးမယ်
ကိုယ့်အိမ်ကိုယ်ပြန်စောင့်
ဘယ်အမှောင့်ပယောဂကြောင့်မှတော့မဟုတ်ဘူး

လေးတစ်လက်မြှားတစ်စင်း
ပစ်ကွင်းကရှင်းပါတယ်ဗျာ
ကိုယ့်အထုပ်ကိုယ်ထမ်း
ကိုယ့်လမ်းကိုယ်ပြန်
လူရိုင်းနဲ့ ကျွန်တော်လက်ဆွဲနှုတ်ဆက်
လာလာပြီး အက်ကြောင်းတွေထပ်မနေစမ်းပါနဲ့ ……….။                   ။

                                                                      မိုးထက်အောင်

In: ကဗျာ Posted By: Date: Jan 30, 2011
Comment #1

mite tal…….ar pay thwar tal

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #2

မိုက်တာများ…..
အားပေးရတယ်လို့ …….:)

commentinfo By: moehtetaung18 at Jan 31, 2011
Comment #3

အားလားလား

အရေးအသားတွေကြိုက်တယ် ရှင် 🙂

commentinfo By: သွဲ့သွဲ့ at Jun 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment