Professional Authors

နတ်ရိုင်းကတဲ့ ဂီတ (မိုးထက်အောင်)

နတ်ရိုင်းကတဲ့  ဂီတ

ညှို့ ဓါတ်ပြင်းပြင်းမှာ

ခြေလှမ်းတွေ ကျွမ်းလောင်သွားခဲ့

ဒါ နွားရိုင်းသွင်းချိန်ဆို

(မနက်က……)

သွင်းခဲ့တဲ့ နတ်ရိုင်းတွေ

ဘယ်နွေဂီတနဲ့  ကခုန်နေခဲ့ကြသလဲ။

နွေကိုပစ်ပြီး မိုးကိုရှာတဲ့ဆောင်း

ကောင်းကောင်း မကောင်းကောင်း ချစ်တယ်

(ဘယ်ဖက်ရင်ခွင်မှာ…..)

အလံဖြူလွှင့်ထားမယ်

နှင်းတံခွန်တွေ တလူလူလွင့်ပါစေ

(နင့်တပ်တော်မှာ…..)

ဒဏ်ရာတွေနဲ့  ငါပျော်တယ်။

မော်မော် ကြွားကြွား

မျက်နှာတော် မြင်ရတာနဲ့ တင်

(ဒီကောင်…….)

နာကျင်ရကျိုးနပ်တယ်

နင့်လက်ဖ၀ါးတစ်ဖက်နဲ့ 

(ဒီရင်ဘတ်ကို)

ခပ်ဆတ်ဆတ်လေးသာ ဖျစ်ညှစ်လိုက်ပါတော့။

(ဟုတ်တယ်…….)

ကျွန်တော်က ခပ်နုနုရေးတတ်တဲ့ ကဗျာသမား

အလင်္ကာတွေ အတိဿယ၀ုတ္တိဆန်မယ်

ရင်ဘတ်က ဗလာ ဒဏ်ရာက နတ္ထိ

ခံစားချက်မရှိတဲ့ကောင်

(အလွမ်းတွေ…..)

တောင်တစ်လုံးဖြစ်အောင် မစုဆောင်းနိုင်ခဲ့ဘူး။

(အမှုမဲ့ အမှတ်မဲ့…..)

ညှို့ ဓါတ်ပြင်းပြင်းမှာ

ခြေလှမ်းတွေ ကျွမ်းလောင်သွားခဲ့

ဒါ နွားရိုင်းသွင်းချိန်ဆို

(မနက်က…….)

ဖုန်အလိပ်လိပ်နဲ့  သွင်းခဲ့တဲ့ နတ်ရိုင်းတွေ

ဘယ်နွေဂီတနဲ့  ကခုန်နေခဲ့ကြသလဲ။

(ပြော…….)

အဲဒီ့ နတ်ရိုင်းတွေ………

………………………………………..

ဘယ်နွေရဲ့ ဂီတနဲ့ ………..

……………………………………………….

ကခုန်နေခဲ့ကြသလဲဗျ………….

………………………..။

မိုးထက်အောင်

In: ကဗျာ Posted By: Date: Apr 23, 2011
Comment #1

သို့
ကဗျာဆရာ

သတိရမိပါကြောင်း……။။။

commentinfo By: နွေ at Oct 10, 2013
Comment #2

2011က ကဗျာ 2013မှ နောက်တစ်ခေါက်ထပ်ဖတ်မိလည်း ခုချိန်ထိလတ်ဆတ်သစ်လွင်နေတုန်းပဲကိုကြီးမိုးထက်

commentinfo By: ကြက်ခြေခတ် X at Oct 14, 2013
Comment #3

အရင်လို အားပေးလျက် အားကျလျက်ပါကိုမိုးထက်

commentinfo By: 13th at Oct 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment