Professional Authors

အရီးတို့ တဲ

အရီးတို့ တဲကလေး
ရေဖွေးလို့လေး။
မိုးလိုက်ကြဟေ
တဲခေါင်ခြေ ရွှေထန်းရွက်နဲ့
မိုးပက်လို့လေး။

အရီးတို့ ရွှေတဲ
ယိုင်လဲလို့လေး။
စိုက်လိုက်ကြဟေ
တဲခြေမှာ ဝါးပိုးထိုးနဲ့
တိုင်ကျိုးလို့လေး။

အရီးတို့ တဖက်ရပ်
လေခတ်လို့လေး။
ကာလိုက်ကြဟေ
မြေနီရွှေရည်လောင်းနဲ့
ဆောင်းဝင်လို့လေး။   ။
                             တင်မိုး

In: ကဗျာ,တင်မိုး Posted By: Date: Jul 25, 2011
Comment #1

ကြိုက်ပါသည်…..။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment