Professional Authors

ချစ်သူ့အတွေး

လမင်းက အရှင်
ကြယ်စင်က ကိုယ် ဆိုပါတော့…..။ ။
မြေကမ္ဘာ ပတ်ချာဝိုက်လို့၊
… လိုက်ပါ့မယ်နော့…..။ ။

နှင်းဆီက ကလျာ
ဆူးညှာက ကိုယ် ဆိုပါတော့….။ ။
ရွှေလိပ်ပြာ တောင်ပံကားကို
တားပါ့မယ်နော့…..။ ။

ဗေဒါကသခင်၊
ရေပြင်က ကိုယ် ဆိုပါတော့….။ ။
သောင်မတင် လိုရာကြွရအောင်
ဆောင်ပါ့မယ်နော့…..။ ။

သို့ပေမင့်….
ကြွေပွင့်က ချစ်နှမ၊
အပင်က ကိုယ် သာလျင်၊
ဖြစ်ချင်ဘူးကိုယ်တွေး….။ ။
ကြွေပွင့်ငယ် ချာချာဝဲ၊
လေထဲမှာ ပျံပျံကာ၊
သင်လွင့်ရာ ကိုယ်မှာမကြွနိုင်ဘု၊
အထီးကျန် မျက်ရည်စငယ်နဲ့၊
လွမ်းရမယ်လေး…..။ ။

တင်မိုး

In: ကဗျာ,တင်မိုး Posted By: Date: Mar 21, 2012
Comment #1

hman like dar naw,
a yan chit phoe kaung tar pe

commentinfo By: ei lay at Mar 22, 2012
Comment #2

ဖတ်လို့ကောင်းတယ်…

commentinfo By: poohmay at Mar 22, 2012
Comment #3

သို့ပေမင့်….
ကြွေပွင့်က ချစ်နှမ၊
အပင်က ကိုယ် သာလျင်၊
ဖြစ်ချင်ဘူးကိုယ်တွေး….။ ။
ကြွေပွင့်ငယ် ချာချာဝဲ၊
လေထဲမှာ ပျံပျံကာ၊
သင်လွင့်ရာ ကိုယ်မှာမကြွနိုင်ဘု၊
အထီးကျန် မျက်ရည်စငယ်နဲ့၊
လွမ်းရမယ်လေး…..။ ။

commentinfo By: kantkawmg at Mar 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment