Professional Authors

ပုဂံအမွေ(တင်မိုး)


မြန်မာနိုင်ငံရဲ့
ဘူမိနက်သံ နေရာမှန်
ပုဂံဆိုတဲ့ အောင်မြေ
အနိရုဒ္ဓ ကျန်စစ်သားတို့ 
ကြီးမားတဲ့ စိတ်ဓာတ်
မြင့်မြတ်တဲ့ နှလုံးသား
ဖြူစင်တဲ့ ခွန်အားနဲ့ 
တရားဓမ္မ အခြေခိုင်ခိုင်နဲ့ 
နိုင်ငံကို အုတ်မြစ်တည်
ရွှေပြည်တော်ကြီးရဲ့ အသရေ။

ဝင်စေ ထွက်စေ
သွားစေ နားစေ
ကာလမည်မျှ တာရှည်စေ
ပုဂံသားတို့ ရဲ့
တရားချစ်တဲ့ နှလုံး
အားသစ်နဲ့  ပြုံးနိုင်ဖို့ 
ပြည့်ပုခုံး ပြည့်လက်ရုံး
ကျုံးနဲ့ နန်းတော်
ခေါင်းမော်နိုင်တဲ့ နေရာ
မြန်မာဆိုတဲ့ အလံ
ပုဂံမှာ တလူလူဝေ။

ပုဂံတရား ပုဂံဓား
ပုဂံသားတို့ ရဲ့
ကြီးမား မြင့်မြတ်
ထွန်းတောက်တဲ့ စိတ်ဓာတ်
အရောင်ဟပ်နေတဲ့
အောင်ရပ်ဌာနေ အောင်ရာမြေ။

သေးသိမ်ညံ့ဖျင်း
တရားကင်းတဲ့
အမှားအယွင်း မရှိ
ပကတိ ကျောက်သားလိုဖြူ
လူဆိုတဲ့ ဂုဏ်သိက္ခာ
မဟာ အသေရေတင့်
ကမ္ဘာမြေမှာ မြင့်တဲ့
ပွင့်လင်းသာစည်
ပုဂံရဲ့အမွေ။

သင်တို့  ငါတို့  ဆက်ခံစေ။ ။

In: ကဗျာ,တင်မိုး Posted By: Date: Dec 26, 2012
Comment #1

Nice creation

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment