Professional Authors

အောင်နိမိတ် အောင်စိတ်(တင်မိုး)

အနင်းခံရတဲ့မြက် ပိုသန်သတဲ့
အကျဉ်းခံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ် ….

အခက်အခဲတွေ့က
ဖျက်ခွဲ၍ ပစ်ကြလော့…..

ရက်ရှည်ရကောင်းလားလို့
မျက်ရည်မကျနဲ့ ….

အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ….

အကြောက်သန်၊ အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာနဲ့
ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်….

မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲခြင်း စိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့ ……………………

(တင်မိုး)

In: ကဗျာ,တင်မိုး Posted By: Date: Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment