Professional Authors

ကတိဖြတ်သူ (Kitty Yang)

ချစ်သူ…
ကတိတွေအခါခါပေးပြီးတိုင်း
မင်းဖြတ်တယ်
စကားမတည်လို့နာနေတဲ့ရင်ကို
ဝင်ကြည့်လှည့်ပါ
မင်းအတွက်သိမ်းထားတဲ့
စကားလုံးများစွာရှိတယ်။

ခံစားမှုတွေပြင်းထန်တိုင်း
ကျလာတဲ့မျက်ရည်ကိုမင်းမြင်နိုင်မလား
ငါ့လက်နဲ့နံရံ
အကြိတ်အနယ်ရန်ဖြစ်တယ်
ကျလာတဲ့သွေးစက်တွေကိုမင်းမြင်ယောင်ကြည့်ပါ
ချစ်ခဲ့တာမှန်တယ်ဆိုရင်
တစ်ခေါက်လောက်တော့ကတိတည်လှည့်ပါ။

7th. June.2007

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

ကဗျာလေးကကောင်းတယ်
နောက်ထပ်ကောင်းတာလေးတွေလည်းဆက်ေ၇းနော်
ကြယ်စင်ကကဗျာမေ၇းတက်ဘူး
ဖတ်၇တာတော့ဝါသနာပါတယ်
အားပေးနေမယ်နော်

commentinfo By: ကြယ်စင် at Jul 28, 2010
Comment #2

ကျေးဇူးပါ ကြယ်စင်.. 🙂

commentinfo By: Kitty Yang at Aug 9, 2010
Comment #3

ကတိဖြတ်သူ ကို မုန်းဖို့ ကြိုးစားသေးလား

commentinfo By: b4 at Aug 26, 2010
Comment #4

မမုန်းပါဘူး… ဒါပေမယ့် ချစ်လည်းမချစ်တော့ဘူး.. ^^

commentinfo By: Kitty Yang at Aug 26, 2010
Comment #5

မမုန်းပါဘူး…ဆိုတာဟုတ်နိုင်ပေမဲ့ ချစ်လည်းမချစ်တော့ဘူး..ဆိုတာတော့ ယုံဘူးနော်.:P

commentinfo By: thae ko at Apr 18, 2011
Comment #6

excellent

commentinfo By: ei lay at Jun 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment