Professional Authors

လှောင်အိမ်ဆန်တဲ့ စံအိမ် (Kitty Yang)

အတောင်မစုံသေးတဲ့ ငါနဲ့
ငရဲဆန်တဲ့ ကောင်းကင်ယံ
ပျံသန်းဖို့ တွေးတိုင်း
အတောင်ခတ်ဖို့ တွန့်နေမိတယ်။

ရွှေလိုဥထားမှတော့
ထိခိုက်ရှနာခြင်းကို
လှည့်လိုတောင်မှ မကြည့်ရဲ
သက်မဲ့မဟုတ်တဲ့ ငါ
ရွှေလိုတော့ အဖိုးမတက်ဘူး။

စံအိမ်လား၊ လှောင်အိမ်လား
ဝေခွဲရခက်…..
ငါ့ဆန္ဒတွေ ချွေချတဲ့အခါ
ဘာလို့မကြည်ဖြူခြင်းတွေက
ပွဲစည်ရတာလဲ…..။

“တန်ဆေး၊ လွန်ဘေး” တဲ့
စိုးရိမ်စိတ်နဲ့ နားလည်မှုကြား
ညီမျှခြင်းဆိုတဲ့ သင်္ကေတတစ်ခုသာ
ရှိစေချင်………။

11th June 2010

In: ကဗျာ Posted By: Date: Jun 11, 2010
Comment #1

ဟုတ်ပဗျာ…

commentinfo By: angel at Jul 14, 2010
Comment #2

Wow …. that’s it. I don’t even know what else to say. This is amazing, kitty.

commentinfo By: kyal at Jul 15, 2010
Comment #3

hee.. thanks kyal! 😀 proud to be praised by you.. hee 😀

commentinfo By: Kitty Yang at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment