Professional Authors

အချစ်ခါးသောအချိန် (Kitty Yang)

အသီးဆိုတာ
အမျိုးတိုင်းမချိုဘူး
အချစ်ဆိုတာလဲ
အချိန်တိုင်းမခါးဘူး
ခါးနေစဉ်တခဏတော့
သက်ပြင်းဆီကအကူအညီတောင်းကြည့်ပါ
သူကသက်ပြင်းချနည်း
သင်ပေးလိမ့်မယ်။

ဆုံစည်းမယ့်အချိန်ကို
စောင့်စားရတာ
ပြက္ခဒိန်တွေတောင်ပေပွနေပြီ
တွေ့မဲ့တွေ့တော့
၂၄နာရီတောင်မရှိပါလား။

အရိပ်လေးလိုဖြစ်နေချင်ပေမယ့်
Laptop တစ်လုံးလောက်တောင်
မျက်နှာသာအပေးမခံရမှာကိုတော့
မလိုလားဘူး ချစ်သူ..။

ကိုယ်ဟာမင်းအတွက်အရာရာပါ
ကိုယ်ဟာအရာရာ ရဲ့ ပထမပါလို့
ပြောခဲ့တဲ့ ကြင်နာသူ
သူငယ်ချင်းတွေ ခေါ်လို့ပါဆိုပြီး
ကိုယ့်ကိုသူငယ်ချင်းနဲ့တော့
လဲနိုင်တယ်တဲ့လား။

ရပါတယ် ချစ်သူ
သက်ပြင်းကို အဖော်ပြုလို့
မင်းက ဆောရီးပါ လို့ဆိုတဲ့
တစ်နေ့ကို ကိုယ်စောင့်မျှော်မယ်။

10th Nov 2007

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

မင်းကို မလဲနိုင်ပါဘူး အလိုက်ပေးရင်တမျိုးပေါ့ ဟဟ ကြိုးစာနော် အားပေးနေမယ်…

commentinfo By: ko paing at Aug 14, 2010
Comment #2

ဆုံစည်းမယ့်အချိန်ကို
စောင့်စားရတာ
ပြက္ခဒိန်တွေတောင်ပေပွနေပြီ
တွေ့မဲ့တွေ့တော့
၂၄နာရီတောင်မရှိပါလား။
အရမ်းမိတရ်
ဒီစာသားလေးက
ညီမနောက်ဆုံးတွေ့လိုက်ရတာကတော့ ပိတ်ဖြူတွေရဲ့အပေါ်မှာညင်သာစွာလဲလျောင်းနေတာ ၂၄ နာရီတောင်မပြည့်လိုက်ပါဘူး

commentinfo By: ayeayethi at Aug 19, 2010
Comment #3

သက်ပြင်းကို အဖော်ပြုလို့
မင်းက ဆောရီးပါ လို့ဆိုတဲ့
တစ်နေ့ကို ကိုယ်စောင့်မျှော်မယ်။

commentinfo By: ခင်ဘုန်းနေ at Mar 11, 2011
Comment #4

ကိုယ်ဟာမင်းအတွက်အရာရာပါ
ကိုယ်ဟာအရာရာ ရဲ့ ပထမပါလို့
ပြောခဲ့တဲ့ ကြင်နာသူ
သူငယ်ချင်းတွေ ခေါ်လို့ပါဆိုပြီး
ကိုယ့်ကိုသူငယ်ချင်းနဲ့တော့
လဲနိုင်တယ်တဲ့လား။

commentinfo By: eimon at Jun 17, 2011
Comment #5

r,,,,,,,,
ma le par bu.
be thu ka le me pyaw loh le.
bar ne hma ma le naing par bu.
ma yone yin saunt kyi like.

commentinfo By: ei lay at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment