Professional Authors

စိတ္တဇကဗျာ (Kitty Yang)

တိတ်ဆိတ်တဲ့ည
ဒီည…
ဟိုးမိုးကောင်းကင်ပေါ်က
လမင်းနဲ့ စကားတွေ
ဖလှယ်နေတုန်း
ခွေးအူသံကြားလိုက်တယ်
ဪသာ်.. ဒီခွေး
တယ်လည်း အလိုက်ကန်းဆိုးမသိချေဘူး။

ပွင့်လင်းရာသီ
ရောက်ပေပြီ
ငှက်ကလေးများတေးဆိုသည်
ကောင်ကလေးများ
လေးဂွကလေးများကိုင်လျှက်
“ဖောက်ဖောက်ဖောက်” ဟုကြားလိုက်သည်
အော်.. ဒီကောင်တွေ..
တယ်လည်းရက်စက်ပါလား..။

ရေးနေဆဲကဗျာတစ်ပုဒ်
ဘာရေးရမည်မသိတော့ပြီ
ကြားလိုက်ရသည်
အသံတစ်ခု
“ဒေါက်ဒေါက်ဒေါက်” ဟုဆိုသည်
အကြောင်းပြန်လိုက်သည်
“ခဏ” ဟု၊
ဖွင့်ကြည့်လိုက်သည် ဤတံခါးအား
တွေ့မြင်လိုက်သည်
ဘာမှမဟုတ်။
စိတ္တဇသာဖြစ်သည်နည်း..
အော်.. ဒီအသံ..
တယ်လည်းတိုက်ဆိုင်ပါလား။

17th. Nov . 2007

In: ကဗျာ Posted By: Date: May 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment