မင်းနဲ့ဆိုရင် (Kitty Yang)
ချစ်သူ….
ခက်ခဲလွန်းတဲ့လူ့ဘဝထဲ
မင်းအချစ်နဲ့အသက်ရှင်မယ်
နာကျင်လွန်းတဲ့အချိန်တိုင်း
ဆရာဝန်မလိုပါ
မင်းအချစ်နဲ့တင်ပျောက်တယ်
အခမဲ့ ဆိုပေမယ့်
သိန်းသန်းမကထက်တန်းဖိုးကြီးတယ်။
ဘယ်လိုအရာတွေ
မပြည့်စုံရင်နေပါ..
မင်းဘေးနားရှိနေရင်
အရာအားလုံးပြည့်စုံသွားသလို
မင်းမရှိရင်
လိုအပ်ချက်တွေများလွန်းတယ်။
မင်းနဲ့သာအတူဆိုရင်
မီးတောင်ဖြတ်ဆိုလည်း
အပြုံးမပျက်ဖြတ်ရဲပါတယ်။
မင်းရဲ့ဆန်းပြားလွန်းတဲ့ပြက်လုံးတွေက
ဖျားနာနေတဲ့ရင်ခွင်ကို
အချိန်မရွေးကုသပေးတတ်တယ်
မျက်ရည်မိုးတွေရွာနေတောင်
နေထသာလို့
အရောင်စုံသက်တန့်တွေ
မကြာခဏတွေ့ရတတ်တယ်
ရံဖန်ရံခါတွေးမိတယ်
နေပူမိုးရွာသူခိုးလာသလို
တိတ်တိတ်လေးငါ့နှလုံးသားကို
မင်းဝင်ခိုးသွားတာလားလို့
ချစ်သူ…နာကျင်ခြင်းတွေနဲ့ဝေးရာကို
ခေါ်သွားပေးလို့ကျေးဇူးပါ။
၁၁.၁၁.၂၀၀၇
Comment #3
သီ၇ိ ကြိုက်လိုက်တာ………
By: thiribo at Feb 25, 2011
Comment #4
ei lay ka dot,,,tate tate lay win bu,,,,
de de g ko win like tar,,,,
yoe yoe tar tar ne sit ko kyay nyar p hma tike tar…
nar kyin say me lat hnet dot ma tone bu.
1 tet lone swe nay say me bone tway dot tone de.he,,he,,
ta nat ka tay loh tate p heart ma hti naing bu.
By: ei lay at Nov 25, 2011
Comment #5
read again & again & again & again…………………………
By: ei lay at Dec 18, 2011
Comment #6
မြတ်နိုး ဒီကဗျာကို အရမ်းကြိုက်ပါတယ်..
By: မြတ်နိုးမွန် at Dec 25, 2011
Comment #7
ကဗျာနောက်ဆုံးနှစ်ကြောင်း ရေလည်လန်းတယ် ~~
By: X - ray at Feb 10, 2012
Comment #8
😛
😛
😛
By: ei lay at Oct 27, 2012
Comment #9
!_!
!_!
!_!
By: ei lay at Dec 14, 2012




Comment #1
သူငယ်ချင်းရေ မင်းကဗျာက သိပ်ကောင်းတယ်