ဒဏ္ဍာရီမဟုတ်တဲ့ ငါ့အချစ် (Kitty Yang)
ကြယ်ကြွေညတွေဟာ
ဒဏ္ဍာရီပဲလား..
ဆုတောင်းပြည့်ဖို့
နေနေသာသာ
ဆုတောင်းခွင့်တောင်
ငါ့မှာပျောက်လို့နေဆဲ..။
အလွမ်းတွေနဲ့
တန်ဇာဆင်ထားတဲ့
ငါ့အသည်းကို
ပြတိုက်ပို့ထားချင်တယ်
“အလွမ်းတတ်ဆုံး အသည်း”
အဖြစ်…..
သမိုင်းဝင်ပေါ့။
ချစ်သူရယ်..
မြတ်မြတ်နိုးနိုး
ကြင်နာတယ်။
အပြုံးတွေ
မင်းမျက်နှာပြင်ပေါ်
ဝတ်ဆင်ဖို့
၁၀ခါပြန်
နာကျင်ပါစေ..
မင်းအပြုံးက
လန်းတယ်။
ချစ်တယ်ဆိုတာကို
ချစ်တယ်ဆိုရုံလေးပဲ
ချစ်ခဲ့ချင်တာပါ..
လောဘ၊ ဒေါသ၊ မောဟတွေနဲ့
ကင်းတဲ့ နှလုံးသားတစ်စုံကို
ပေးဆပ်ချင်တယ်..
မင်းနားခိုရာပေါ့..
အေးမျှစေဖို့
အာမခံတယ်။
နှောင်ကြိုးတွေနဲ့တော့
မရစ်ပတ်ချင်ဘူး ချစ်သူ။
လွတ်လပ်စွာပျံသန်းဖို့
ကောင်းကင်ဟာမင်းအတွက်ပါ
ယုံကြည်မှုတွေက
ငါ့ရဲ့လက်ဆောင်..
နောက်ပြီး..
မင်းလက်အပ်ခဲ့တဲ့
သံယောဇဉ်ကြိုးကိုတော့
အမြဲကိုင်ဆောင်ထားပေးပါ။
တစ်ချိန်တစ်ခါက
မရည်ရွယ်ခဲ့တဲ့ ဒဏ်ရာတွေ
မင်းစီလမ်းမှားခဲ့တာ
တောင်းပန်ပါတယ်
နောင်တတွေက
ငါ့ရင်ခွင်ကို
အဆက်မပြတ်
မွှန်းနေဆဲပါ..
ဓါးသွားတောင် ထက်လို့ပေါ့။
မင်းချစ်တာထက်
ငါပိုချစ်တယ်လို့
တဇွတ်ထိုး မညင်းပါဘူး။
မင်းရဲ့အချစ်က
ငါ့ရဲ့ဘဝ
မင်းရဲ့ဂရုဏာက
ငါ့ရဲ့နည်းပြ
မင်းဟာ
ငါ့ရဲ့ရတနာ
ငါ့ရယ်သံတွေအော်ဟစ်တာ
ငါ့ကိုပိုင်စိုးသူက
မင်းမို့ပါ..။
ညဆိုလွမ်းတိုင်း
ကျနေကျ မျက်ရည်တွေအတွက်
ခေါင်းအုံးကသက်သေပေါ့။့
တွယ်တာမိတာ မှားမယ်ဆိုလည်း
အသေသာသတ်လိုက်ကြပါ။
မင်းမရှိတဲ့ ငါ့ဘ၀ဟာ
ခါးသက်နေမှာမို့
ထားမသွားနဲ့..ချစ်သူ။
26.06.2009
-=Kitty Yang=-
[Your Brilliant Torture]
Comment #11
ကောင်းတယ်ဗျာ
ယူသွားပြီ ခွင့်ပြုပါ
By: ဇွန် at May 26, 2010
Comment #13
ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်
By: ဇွန် at May 26, 2010
Comment #15
oh,,,,,
oh,,,,,
excellent.
By: ei lay at Aug 14, 2011
Comment #16
so so so so so so nice,,,,,,,,,,,,,,,,,,,,,
By: ei lay at Dec 18, 2011
Comment #17
ကဗျာ ပိုင်ရှင်လေးရေ……………
ကဗျာလေးကို အရမ်းကြိုက်လို့…………… ယူသွားခွင့်ပြုပါနော………
အမြဲတမ်းလည်း အာပေးနေပါရစေ………………..
By: ဆူးခက် at Jul 30, 2013




Comment #1
Kitty လေး ကို မ see လို့ ရည်စား ပူ မိ နေလားလို့။ ဟုတ်လောက်ပါဘူး နော်။
ကဗျာ လေး က ချစ်စရာလေး ဟ