Professional Authors

နာကြင်စေတဲ့ ကြင်နာခြင်း (Kitty Yang)

ကံခေတာကြောင့်လား
ရူးသွပ်မှုတစ်ခုတည်းလား
ချစ်မိလွန်းတဲ့ အပြစ်လား
မသေချာဘူး၊ မရေရာဘူး
ဒါပေမယ့်….
နာကြင်ခြင်းရဲ့အစတော့
ဟုတ်ခဲ့တယ်…။

မင်းအတွက်ဆို
စတေးခြင်းတွေ ထွေးပိုက်..
24/7 standby ပါ..
ရူးတယ်လို့ ဆိုမှာလား..
အချစ်စစ်ပါဆိုရင်
ဟားတိုက်ဦးမှာလား..
လက်ဆောင်ဆိုပြီး
မျက်မှောင်ကျုံ့အကြည့်တွေတော့
လာမပေးပါနဲ့..
ငါ့အသည်းကနာတတ်တယ်။

မင်းရဲ့နားလည်မှုတွေက
ဘာကြောင့် ငါ့အတွက်
ခါးသက်နေရတာလဲ…
“ချစ်တယ်” ဆို.. ချစ်သူရယ်…
မင်းကြင်နာခြင်းဆိုတာ
ရက်ရက်စက်စက်
သြောဘာသံတွေပဲလား။
အသက်မပါတော့တဲ့ မင်းနှုတ်ခမ်းတွေက
ဘယ်လိုမှပြန်ပြီးအရင်လိုဖြစ်မှာလဲ…
ငါ့နှလုံးသားလည်း
အနာရင်းလို့နေပြီ.. ဒါကိုကျ
မင်းမမြင်ဘူးမလား…။

သိပ်မတောင်းဆိုပါဘူး..
မင်းရဲ့နွေးထွေးမှုကိုသာ
ဖြူဖြူစင်စင်မက်မောမိတာ။
လောကီသားမို့
ရိုးသားခြင်းကမမြဲပေမယ့်
ယုံယုံကြည်ကြည်
အားကိုးထိုက်သူပါလို့
ကြိမ်ဆိုရင် ကောင်မလေး..
မင်းယုံမလား…..။

၁၉.၀၃၂၀၁၀

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

မင်းအတွက်ဆို
စတေးခြင်းတွေ ထွေးပိုက်..
24/7 standby ပါ..
ရူးတယ်လို့ ဆိုမှာလား..
အချစ်စစ်ပါဆိုရင်
ဟားတိုက်ဦးမှာလား..
လက်ဆောင်ဆိုပြီး
မျက်မှောင်ကျုံ့အကြည့်တွေတော့
လာမပေးပါနဲ့..
ငါ့အသည်းကနာတတ်တယ်။

သိပ်မတောင်းဆိုပါဘူး..
မင်းရဲ့နွေးထွေးမှုကိုသာ
ဖြူဖြူစင်စင်မက်မောမိတာ။
လောကီသားမို့
ရိုးသားခြင်းကမမြဲပေမယ့်
ယုံယုံကြည်ကြည်
အားကိုးထိုက်သူပါလို့
ကြိမ်ဆိုရင် ကောင်မလေး..
မင်းယုံမလား…..။

အဲဒီနေရာလေးတွေ…သဘောကျတယ်
ချစ်ပေမဲ့..နာတတ်တယ်ဆိုတဲ့စိတ်ကလေး
ပြီးတော့.ရိုးသားတဲ့ ၀န်ခံမှူ..

commentinfo By: chocolate at May 16, 2010
Comment #2

Thanks 😀

commentinfo By: Kitty Yang at May 27, 2010
Comment #3

လောကီသားမို့
ရိုးသားခြင်းကမမြဲပေမယ့်
ယုံယုံကြည်ကြည်
အားကိုးထိုက်သူပါလို့
ကြိမ်ဆိုရင် ကောင်မလေး..
မင်းယုံမလား…..။

ကောင်းတယ်ဗျာ ရိုးသားတဲ့ ၀န်ခံမှုတွေ

commentinfo By: poht at May 28, 2010
Comment #4

ကံခေတာကြောင့်လား
ရူးသွပ်မှုတစ်ခုတည်းလား
ချစ်မိလွန်းတဲ့ အပြစ်လား
မသေချာဘူး၊ မရေရာဘူး
ဒါပေမယ့်….
နာကြင်ခြင်းရဲ့အစတော့
ဟုတ်ခဲ့တယ်…။

အဲ့ဒါကိုကြိုက်တယ် ချစ်တဲ့သူကရှုံးတာပဲ အမြဲ….

commentinfo By: ဖူးမေ at Jun 3, 2010
Comment #5

အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ရှင့်.. ^^

commentinfo By: Kitty Yang at Jun 10, 2010
Comment #6

ပထမဆုံးစာပိုဒ်ကို အရမ်းကြိုက်တယ်..

commentinfo By: kyi kyi at Jun 11, 2010
Comment #7

“ချစ်တယ်” ဆို.. ချစ်သူရယ်…
မင်းကြင်နာခြင်းဆိုတာ
ရက်ရက်စက်စက်
သြောဘာသံတွေပဲလား။
အသက်မပါတော့တဲ့ မင်းနှုတ်ခမ်းတွေက
ဘယ်လိုမှပြန်ပြီးအရင်လိုဖြစ်မှာလဲ…
ငါ့နှလုံးသားလည်း
အနာရင်းလို့နေပြီ.. ဒါကိုကျ
မင်းမမြင်ဘူးမလား…။

ချစ်တယ်ဆို ဟုတ်တယ်လေနော
င့ါတို့ကိုလည်း လှည့်ကြည့်ပါအုံးလား

commentinfo By: no at Jun 22, 2010
Comment #8

လက်ဆောင်ဆိုပြီး
မျက်မှောင်ကျုံ့အကြည့်တွေတော့
လာမပေးပါနဲ့..
ငါ့အသည်းကနာတတ်တယ်။………………အဲဒီစာသားလေးအကြိုက်ဆုံးပဲ … မိုက်တယ်……….

commentinfo By: သူသူ at Jul 19, 2010
Comment #9

kyit tae …ayann mite tae…

commentinfo By: tomatoes at Jul 31, 2010
Comment #10

thanks.. ^^

commentinfo By: Kitty Yang at Aug 4, 2010
Comment #11

အသက်မပါတော့တဲ့ မင်းနှုတ်ခမ်းတွေက
ဘယ်လိုမှပြန်ပြီးအရင်လိုဖြစ်မှာလဲ…
ငါ့နှလုံးသားလည်း
အနာရင်းလို့နေပြီ.. ဒါကိုကျ
မင်းမမြင်ဘူးမလား…။
အဲဒါလေးအရမ်းကြိုက်တရ်
ကဗျာဆရာ Kitty yang ကကဗျာရေးတာ စာသားရွေးတာအရမ်းတော်တရ်နော်

commentinfo By: ayaayethi at Aug 9, 2010
Comment #12

ayaayethi အခုလို ကစ်တီရဲ့ ကဗျာတွေကို အားပေးပြီး ကွန်မန့်ပေးပေးတာ ကျေးဇူးအရမ်းတင်ပါတယ်။ နောက်လည်းအားပေးပါဦးနော်.. 🙂

commentinfo By: Kitty Yang at Aug 9, 2010
Comment #13

ကောင်းတယ်ဗျာ
အရမ်းရိုးတဲ့စာသားတွေနဲဖွဲ့နွဲထားပေမယ့်
အရမ်းလန်းတယ်
အောင်မြင်ပါစေ

commentinfo By: zayyar chan at Oct 25, 2010
Comment #14

24/7 standby ပါ.. တဲ့
အဟမ်း………..စာသားတွေက သေလို့ရတယ်ဗျနော်
ကဗျာလေး ဖတ်သွားတယ်
အရေးအသားကိုလည်း လေးစားတယ်ဗျာ ။

commentinfo By: X - ray at Feb 10, 2012
Comment #15

ဒီကဗျာလေးကို အရမ်းသဘောကျတယ်။
အရမ်းကြိုက်တယ်။

commentinfo By: gadounlay at Feb 10, 2012
Comment #16

mike de kwar

commentinfo By: ei lay at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment