Professional Authors

မျက်ရည်တစ်ပွင့်၏လှည့်ကွက် (Kitty Yang)

တစ်ခဏတာမဟုတ်တဲ့ ရင်ခုန်သံနဲ့
“တစ်ဘဝစာ ချစ်မလို့ပါ” လို့ပြောတော့
မင်းက ရယ်စရာပြက်လုံးတစ်ပုဒ်လို
ဟားတိုက်လို့ရယ်သွားလိုက်တာ
နှလုံးခုန်သံတွေတောင်
ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်။

“မဝင်ရ” လို့ စည်းတားထားတဲ့
ငါ့ရင်ခွင်တံခါးရှေ့က
ဟန့်တားပေးဖို့ အစောင့်တွေရယ်..
အိပ်ပျော်သွားကြတာလား
မဆိုင်သူမဝင်ရတဲ့တံခါးကိုမှ
မင်းဘာလို့ရွေးဝင်ချင်ရတာလဲ..

မင်းကိုစကားခါးခါးတွေမပြောခဲ့ပါပဲနဲ့
ဘာလို့မျက်ရည်ကျခဲ့ရတာလဲ..
မင်းမျက်ရည်စက် တစ်ပွင့်ကြောင့်
သနားမိတဲ့ ငါ့ရင်ခွင်တစ်စုံ
ဘဝ အဆက်ဆက်က ဝဋ်ကို
ဆက်လျှက်..
မင်းနဲ့ထက်ဆုံဖို့စောင့်နေမယ်။

အပျော်ပါ ဆိုပြီး
အလည်လာခဲ့တဲ့ ငါ့ရင်ခွင်က
အခမဲ့မှမဟုတ်ပဲ
မင်းကျန်ခဲ့တဲ့ မျက်ရည်တစ်ပွင့်ကိုလည်း
ဆက်မသိမ်းထားနိုင်တော့ဘူး
ဘယ်ဘဝကအငြှိုးနဲ့
နှိပ်စက်ချင်ရတာလဲ
ကောင်မလေးရယ်..
မင်းရဲ့မျက်ရည်
မင်းပြန်လာယူလှဲ့ပါ။

14th.July.2007

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

နှလုံး ခုန်သံတွေတောင် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတယ်တဲ့လား …

It’s really sweet.

commentinfo By: kyal at Jul 15, 2010
Comment #2

တစ်ခဏတာမဟုတ်တဲ့ ရင်ခုန်သံနဲ့
“တစ်ဘဝစာ ချစ်မလို့ပါ”

commentinfo By: ဖူးမေ at Jul 21, 2010
Comment #3

ကဗျာဆရာက ကြက်ပျောက်တွေရောငှက်ပျောက်တွေရော
ခွေးတွေရောဝက်တွေရောကျနေပါလားနော်
“မဝင်ရ” လို့ စည်းတားထားတဲ့
ငါ့ရင်ခွင်တံခါးရှေ့က
ဟန့်တားပေးမဲ့အစောင့်တွေအိပ်ပျော်သွားတာလားမှမသိတာနော်
အဟီးးးးးးး……..
အရမ်းမိုက်တရ်ကဗျာက

commentinfo By: ayaayethi at Aug 9, 2010
Comment #4

သူကပြန်ပြောလိုက်တရ်
ဝင်ကြည့်တာ
ရမလားလို့တဲ့ အရမ်းမွန်းကြပ်လို့ပြန်ထွက်ခဲ့လာတရ် တဲ့ကဗျာဆရာရေ
ခွသ့်လွှတ်လိုက်ပါနော်…….ဆော၇ီးဆောရီး

commentinfo By: ayaayethi at Aug 9, 2010
Comment #5

သူများတကာ အကောင်းရေးထားတာကို မလှောင်သင့်ဘူး

commentinfo By: ko paing at Aug 14, 2010
Comment #6

အင်း ကောင်မလေးမှ မျက်ရည်ကျတတ်တာမဟုတ်ပါဘူး
တစ်ချို့ကောင်လေးတွေလည်း မျက်ရည်နဲ့လှည့်စားတတ်ကြပါတယ်

commentinfo By: eimon at Jun 17, 2011
Comment #7

sa ka lone tway tone hma ngo aung loak mi tar ma hote par bu,,
sa ka lone tway htet pyin de khan sar chat tway kyaunt nay hmar par,

ei lay a twat ka dot myat yae kya de so tar,,,
a yan khan sar ya de a chain myo hmar be lo hma htane htar loh ma ya aung ngo mi de.
phong kwe htar loh ma ya naing lout aung,,,phyit de.
lu tway shay hmar dot han saung p ma ngo mi aung kyoe sar de..
phyit naing yin myat yae lone wa ma kya chin bu,,,a yan shat phoe kaung lun de.

commentinfo By: ei lay at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment