Professional Authors

အနာကျွမ်းနေတဲ့ နှလုံးသား (Kitty Yang)

မျှော်လင့်ခြင်းတွေက
ငါ့ကိုအကြိမ်ကြိမ်သတ်တယ်
မဖြစ်နိုင်တာကို
တောင်းတမိလို့
လှောင်ရယ်နေကြပြီလား။

သူမခေါ်ဘဲသွားချင်တယ်
ဥပေက္ခာတွေကငါ့ကိုပြုံးလို့
ကြိုဆိုကြတယ်
ဒီလိုပဲတစ်ခါနှစ်ခါ
မကတော့ပါဘူး
ခါးသီးခြင်းတွေတောင်
ချိုမြိန်လို့လာပြီ။

မင်းကိုခါးသက်သက်
လေစိမ်းတွေတိုက်ဖို့ကြံတိုင်း
နွေးထွေးတဲ့ အပူချိန်နဲ့
နေမင်းကြီးက ကာဆီးကာဆီး
လုပ်တယ်။

သိမ်ငယ်တဲ့ငါ့နှလုံးအိမ်
ပစ်စလတ်ခတ်ပဲ မင်းထားတယ်
ဒဏ်ရာတွေတောင်ကျွမ်းလို့နေတယ်
အနာသိပေမယ့်
ဆေးမရှိတော့ခက်တယ်။

မျက်ရည်စတွေရယ်
ဘယ်တော့မှကုန်ခမ်းမှာလဲ
 tissue စတွေလည်း
ငါ့အခန်းထဲပွစိတတ်လို့
ချစ်သူ..မင်းမြင်ရဲ့လား။

လက်ကောက်ဝတ်ကသွေးကြောများ
ဖြတ်တောက်ဖို့တော့ မတွေးဝင့်ဘူး
ဒါပေမယ့်…..
Ambulance ပေါ်ရောက်မှ
မင်းအချစ်နဲ့ ဂရုစိုက်မှုတွေ
ပြန်ရမယ်ဆိုရင်လေ
ချစ်သူ……
ငါတစ်ခုခုလုပ်မိလေတော့မယ်။

၁၂.ဝ၁.၂၀ဝ၈

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

good

commentinfo By: angel at Jun 23, 2010
Comment #2

thanks. ^^

commentinfo By: Kitty Yang at Jul 5, 2010
Comment #3

သိမ်ငယ်တဲ့ငါ့နှလုံးအိမ်
ပစ်စလတ်ခတ်ပဲ မင်းထားတယ်
ဒဏ်ရာတွေတောင်ကျွမ်းလို့နေတယ်
အနာသိပေမယ့်
ဆေးမရှိတော့ခက်တယ်။

commentinfo By: အသဲကွဲမိုး at Nov 24, 2010
Comment #4

ကို Kitty Yang လုပ်မယ်ဆိုပြောနော်
ကျွန်တော်လည်း member ဝင်မယ်

commentinfo By: ကိုဇင် at Nov 24, 2010
Comment #5

ကဗျာလေတွေကိုအရမ်းကြိုက်ပါတယ်

commentinfo By: ချစ်ကံဆိုးလေ at Mar 12, 2011
Comment #6

အရမ်းကောင်းတယ်ဟာ….စိတ်ထဲကကို ခံစားချက်အပြည့်နဲ့ ဖတ်လို့ကောင်းတဲ့ ကဗျာလေး….:)

commentinfo By: phyu sin noe at Jun 14, 2011
Comment #7

Ambulance ပေါ်ရောက်မှ
မင်းအချစ်နဲ့ ဂရုစိုက်မှုတွေ
ပြန်ရမယ်ဆိုရင်လေ
ချစ်သူ……
ငါတစ်ခုခုလုပ်မိလေတော့မယ်။

commentinfo By: thar gyi at Oct 25, 2011
Comment #8

right…
me too…
i m always thinking like that in case of getting his kindness.
ha,,ha,,
but all of my dreams r wrong.

i really suffer pain so much now.but he didn’t care me anymore.
how much i feel pain,he neglect me,he interest in his duties.
even if i did suicide coz of him,i know he’d never feel sorry for me.
that kind of love i’ve got.

commentinfo By: ei lay at Oct 25, 2011
Comment #9

ကဗျာဖတ်ပြီး စိတ်ထဲမှာတောင် တစ်ခုခုခံစားလိုက်ရတယ်…
ထပ်တူခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 25, 2011
Comment #10

သိမ်ငယ်တဲ့ငါ့နှလုံးအိမ်
ပစ်စလတ်ခတ်ပဲ မင်းထားတယ်
ဒဏ်ရာတွေတောင်ကျွမ်းလို့နေတယ် ……..
မေ့ထားပီးသားတောင် သတိရသွားတယ်…။.

commentinfo By: မေမုန်းလေး at Nov 23, 2011
Comment #11

so so nice

commentinfo By: ei lay at Nov 23, 2011
Comment #12

အ်လေးရေ……အဲ့လောက်တောင်မှပဲလား
ဝမ်းမနဲပါနဲ့နော်
ချစ်နေရရင်ြီ့းတာပဲဟုတ်ဖူးလား
ချစ်တဲ့သူပျော်နေဖို့သာလိုတာပါနော်
ကိုယ်ကိုယ်တိုင်ကတော့ လောင်စာပေါ့။

commentinfo By: မိုး at Dec 25, 2011
Comment #13

ဟာ……….လန်ပြန်ထွက်နေပါလားဗျို့ စကားလုံးတွေက
ပညာတွေလာလေ့လာသွားတယ်ဗျာ။

commentinfo By: X - ray at Feb 10, 2012
Comment #14

thz,,moe,
yeah,,i’ll get what i give,,
i believe myself.,,i believe my love,,
i’ll surely meet the right life-partner coz of my dignity, faith & honesty,

commentinfo By: ei lay at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment