Professional Authors

UnTiL

သေမင်းကတံခါးမခေါက်ခင်

သေခြင်းတံခါးကို အရင်ဆွဲဖွင့်နှင့်မရ်

ကွယ်ရာမှလက်ပြနှုတ်ဆက်ကြတော့ …

မိုးလေ၀သ သတင်းတွေလည်း

တခုတ်တရနဲ့ ကြည့်မနေချင်တော့ဘူး

အပြင်ထွက်ရင်ထီးယူသွားလိုက်တရ် … ဒါပါပဲ

ကျင့်သားရနေပြီလို့ထင်ရပေမယ့်

အဲဒီနားမလည်သလိုအကြည့်တွေကြောင့်

တခါတလေတော့ ငါသွေးပျက်တရ် …

ခက်ထန်တရ်လို့ အလွယ်တကူ

မတိုက်ခိုက်ပါနဲ့

ငါ့ရင်ထဲက ၀မ်းနည်းမှုတွေ

နာကျင်မှုဆိုတာတွေ

ဒါတွေကိုအရင် မြင်အောင်ကြည့်ပါ …

ဘာအတွက်ကြောင့် ငါ့ကိုမုန်းလဲ ????????????

ကျေးဇူးပြုပြီး ခဏလောက်တော့

လစ်လျူရှုပေးပါ …

အခုထိတော့

ငါ့ဝင်သက်ထွက်သက်တွေ

ခိုင်ခံ့နေဆဲမို့လို့ပါ …

မျှော်လင့်ချက်တစွန်းတစနဲ့

တ၀က်တပျက် အိပ်မက်တွေကိုမက်

တခါတရံကျတော့

ခပ်ဖွဖွသက်ပြင်းတွေနောက် အိပ်ရေးပျက်လောက်အောင်

နောက်ယောင်ခံလိုက်ရင်းနဲ့

ငါ့ခံစားချက်နဲ့ရင်းထားတဲ့

အချိန်တွေမှုန်မှိုင်းသွားခဲ့တရ် …

ငါ့အတွက်မထိုက်တန်ခဲ့တဲ့

မေတ္တာတရားဆိုတဲ့ ဘာသာဗေဒကို

ကြိုးစားပြီးသင်ယူမနေတော့ပါဘူး …

ချည့်နဲ့နေတဲ့ အသက်ရှုသံတချို့နဲ့

အခန်းတံခါးကို ငါကြိုးစားပိတ်လိုက်တရ် …

……………….

……………………….

နောက်တော့

……………………………………

အဲဒီနောက်တော့

ပူနွေးနေဆဲမျက်ရည်စတချို့ရယ်

တဖြည်းဖြည်း တိုးတိတ်သွားတဲ့နှလုံးခုန်သံနဲ့

အရာအားလုံးကိုထားခဲ့ပြီး

မိုးရေစက်တွေကိုအဖော်ပြုရင်းနဲ့

ငါ့စိတ်ဝိညာဉ်ပြေးထွက်ခဲ့တရ် … (အမှန်တကယ်တော့ ဘယ်အရာကိုမှငါ မပိုင်ဆိုင်ခဲ့ဖူးပါဘူး)

……………………………………..

…………………………………………………….

………………………………………………………………. အဲဒီနောက်တော့ ……………….

စိတ်ရှိသလောက် ငါပြေးထွက်ခဲ့ပြီ

ကွယ်ရာမှ လက်ပြနှုတ်ဆက်ကြလေတော့ ………….

 

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

(အမှန်တကယ်တော့ ဘယ်အရာကိုမှငါ မပိုင်ဆိုင်ခဲ့ဖူးပါဘူး)
အားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment