Professional Authors

တလမ်းသွား

မငိုပါဘူးဗျာ

စိုနေတဲ့..ဒီမျက်ဝန်းက….ကျင့်သားတချို့နဲ့..နေသားကျလို့ပါ

အတောမသတ်…ဒဏ်ရာတွေပိုက်..လို့

အပြုံးလက်လက်လေး..တွေ့တဲ့အခါ

ဟုတ်ကဲ့…

ကျွန်တော်…မငိုပါဘူး………

မငိုတတ်ခဲ့သူပါ

ခင်ဗျား…နောက်လှည့်ကြည့်စရာ…မလိုပါဘူး။

 

မလိုပါဘူးဗျာ

အပိုစာသားနဲ့..ကာရံများ

နံရံတချို့ရဲ့..နောက်ကွယ်မှာ

ခင်ဗျားရက်စက်ခြင်းတွေ…ကပ်လျှက်..

ကျွန်တော်…….ရပ်စောင့်နေခဲ့တာ…..

တော်တော်လေးလည်း………..ကြာခဲ့

ရင်ဘတ်ကြီးလည်း…နာနေခဲ့ပါပြီ…..

ခင်ဗျား………အသနား..မပို..ပါနဲ့။

 

မပိုပါဘူးဗျာ

ကျွန်တော့်လွမ်း…ကြွေ…ကဗျာများ

တမ်းသူထံ…စာစီလို့…ပန်းခွေချခွင့်လေးတော့…..

ခွင့်ပြုပေး..ပါ…တဆိတ်

အစိမ်းလိုက်..ကြွေ…မကျလိုက်ပါနဲ့

လွယ်လွယ်လေး….သီတန်းခဲ့ခြင်းမဟုတ်ပါ။

 

မမှီမကမ်းနဲ့..လှမ်းဝံ့တဲ့လက်

တသီတန်းနဲ့…အလွမ်းဆင့်လျှက်..ခက်

ပင်လယ်ဆို….ရေချို..ရေငန်…ဖြစ်ရန်မလို

ပုံရိပ်ပြလို့…ပုံရိပ်ထင်ယုံကျေနပ်တတ်သူ

အသင်….မမှန်းတဲ့…ကျွန်တော့်ရင်ခွင်..

ရေ..ခါး..တွေ..တသွင်သွင်စီး..ကျ…..

……………………………….

ခင်ဗျား…………….

မရည်ရွယ်ခဲ့ဖူးဆိုလည်း…..

…………………………………

..မျှော်…ပါတယ်…………….

ရည်ရွယ်ခဲ့တယ်ဆိုလည်း…

……………………………….

……………..ပျော်….ပါ……..တယ်။

ခေါ်စာအနမ်းတွေ..ခါးသက်ခဲ့လို့

မပျော်ရာအရပ်မှာ…..

မထားရက်ခဲ့ပါ…………………

ခင်ဗျား……….ပျော်ရာ..တော်ရာ….နေရာမှာသာ……..ကျင်လည်ပါတော့။

………………………………………………………………………….

ခင်ဗျား…မှန်တယ်ဆိုတာ………………….မငြင်းရက်ခဲ့ပါဘူး။

In: ကဗျာ Posted By: Date: Jul 17, 2011
Comment #1

မငိုပါဘူးဗျာ
စိုနေတဲ့..ဒီမျက်ဝန်းက….ကျင့်သားတချို့နဲ့..နေသားကျလို့ပါ
အတောမသတ်…ဒဏ်ရာတွေပိုက်..လို့
အပြုံးလက်လက်လေး..တွေ့တဲ့အခါ
ဟုတ်ကဲ့…
ကျွန်တော်…မငိုပါဘူး………
မငိုတတ်ခဲ့သူပါ
ခင်ဗျား…နောက်လှည့်ကြည့်စရာ…မလိုပါဘူး
မလိုပါဘူးဗျာ
အပိုစာသားနဲ့..ကာရံများ
နံရံတချို့ရဲ့..နောက်ကွယ်မှာ
ခင်ဗျားရက်စက်ခြင်းတွေ…ကပ်လျှက်..
ကျွန်တော်…….ရပ်စောင့်နေခဲ့တာ…..
တော်တော်လေးလည်း………..ကြာခဲ့
ရင်ဘတ်ကြီးလည်း…နာနေခဲ့ပါပြီ…..
ခင်ဗျား………အသနား..မပို..ပါနဲ့။
မမိုး..လုံးဝထိသွားပြီး…။အားပေးဆဲပါ။

commentinfo By: poem.poem28 at Jul 17, 2011
Comment #2

ဟုတ်တယ် အစ်မတော်……
မငိုသင့်ပါဘူးဗျာ……………………… 🙂

commentinfo By: moehtetaung18 at Jul 17, 2011
Comment #3

အစိမ်းလိုက်..ကြွေ…မကျလိုက်ပါနဲ့

လွယ်လွယ်လေး….သီတန်းခဲ့ခြင်းမဟုတ်ပါ။

မိုက်တယ်ဗျာ………

commentinfo By: anatyong at Jul 18, 2011
Comment #4

သိပ်ကိုကောင်းပါတယ် အားပေးနေပါတယ်ဗျာ

commentinfo By: HEROSMITH at Jul 18, 2011
Comment #5

ဟုတ်..ကျေးဇူးအများကြီးတင်ပါတယ်…နော်

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #6

အားပေနေပါတယ်….။

Comment #7

အစ်မတော်ရဲ့ တလမ်းသွားလေး အခုမှဖတ်ဖြစ်တယ်
ကဗျာက စကားလုံးအသီအကုံး အကြီးကြီးလှတယ်ဗျာ
ကဗျာသစ်တွေမျှော်နေတယ် အစ်မတော်ရေ ကြိုးစားထား ။

commentinfo By: X - ray at Feb 8, 2012
Comment #8

a sain like kway kya twar p naw,,ma moe

commentinfo By: ei lay at Feb 8, 2012
Comment #9

အားပေးမှု အတွက် ..ကျွန်တော့် အားဆေးလေးတွေကို ကျေးဇူးအများကြီးတင်တယ်ဗျာ…..

commentinfo By: အသဲကွဲ မိုး at May 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment