Professional Authors

တလမ်းသွား ………….(2)

 

…လှုပ်လှီလှုပ်လှဲ့နဲ့..အသက်ကိုဆွဲငင်တတ်သော..အပြုံး..တချို့..

မောင်…ပိုင်ဆိုင်…

လှလှပပလေးရှုံးတတ်..အောင်....ကျွန်မ..လေ့ကျင့်ထားခဲ့တယ်။


ဒါအချစ်ဆိုခဲ့ရင်….စစ်တလင်း….လည်း…မခင်းသင့်ပါဘူး….

မောင့်ခြေရင်းမှာပဲ………..ကျွန်မအကြင်နာတွေ…ကြွေကျ..မောင့်အနား..ခစားနေမယ့်သူ

ဘာကြောင့်နဲ့မှ……တခြား..တဖက်သို့…လား..မသွားပါနဲ့လားကွယ်။

 

ကျွန်မဟာ…မောင်….မောင်ဟာ…ဘ၀…

အလှပဆုံး..အကြင်နာတွေနဲ့…ဆေးခြယ်ကြရအောင်

ဒီဘ၀စာ..ဒီမျှနဲ့တောင်…ဒီလူက..ချစ်လို့..မကျေနပ်…နိုင်

ခိုင်မြဲသော….မေတ္တာများနဲ့…မောင့်အနားသို့..ပါးတော်မြဲပါစေ့ရဲ့

ဘုန်းတော်ရှင်..ရွှေမြတ်ဘုရားထံ…မြဲမြံစွာ..ဆုတောင်းစကားလည်း

…ရှိ….ခဲ့..ရိုး..အ.မှန်ပါ..မောင်ရယ်..။

 

တဖက်က..ယိမ်း…တိမ်းစေချက်တွေ…ထင်ဟတ်ခဲ့လည်း

ယုံကြည်စွာ……ကျွန်မ..အနား….တဖ၀ါး…မျှ…..မခွာပါနဲ့

မောင့်ကို…တခါလွမ်းရင်…နောက်ကမ္ဘာ..ဘယ်နှဆက်ခြားနေသည့်ထိတိုင်

ကျွန်မ..ရင်ခွင်..ကျွမ်းကြွေမယ်…မသိ

မထိ..

မရိ..ပါနဲ့…ဒီလူသား….အသည်းနှလုံးလွှာ

အရေပြား…ပါးစွာ..ဖွား….လာ..ခဲ့..သူမို့

ကျေးဇူးပြု၍……

နားမှာ..အမြဲ…ကြားယောင်..ပေးပါ….

ကျွန်မ..ဆိုတာ…မောင့်..အပြုံး….မောင့်နှလုံးသားနဲ့မှ..အသက်ဆက်

သံသရာဆုံးတိုင်..မြတ်နိုးသွားမယ့်သူ…..

ဘာ့အတွက်..မှ..အခြား….စကားတွေ..တွေး..နားမယောင်လိုက်ပါနဲ့။

In: ကဗျာ Posted By: Date: Feb 26, 2012
Comment #1

မမိုးရေ……ရင်နဲ့အားပေးသွားပါတယ်ဗျာ…
တဖက်က..ယိမ်း…တိမ်းစေချက်တွေ…ထင်ဟတ်ခဲ့လည်း
ယုံကြည်စွာ……ကျွန်မ..အနား….တဖ၀ါး…မျှ…..မခွာပါနဲ့
မောင့်ကို…တခါလွမ်းရင်…နောက်ကမ္ဘာ..ဘယ်နှဆက်ခြားနေသည့်ထိတိုင်
ကျွန်မ..ရင်ခွင်..ကျွမ်းကြွေမယ်…မသိ…
ကဗျာကောင်းလေးတွေဆက်လက်ဖန်ဆင်းနိုင်ပါစေ…လေးစားလျက်..

commentinfo By: သက်တန့်ရောင် at Feb 27, 2012
Comment #2

ma moe yae,,,
ei lay dot a yan kway twar p,,
d 1 nya lone ate pyaw hmar ma hote dot bu,,
yae yae le le ko sway loh kaung p,,he,,he,,
ei lay nay ma kaung phyit yin ma moe kyaunt pe,,

commentinfo By: ei lay at Feb 27, 2012
Comment #3

ဘယ်အပုဒ် ဘယ်စာကြောင်း ကောင်းတယ်လို့
ပြောလို့ မရအောင် တစ်ပုဒ်လုံးကောင်းပါတယ်..

commentinfo By: hanthuaung at Feb 27, 2012
Comment #4

ဟေ့………ရို့ ရင်ဘတ်ကသံစဉ်တွေလာနားဆင်သွားတယ်နော်
အစ်မတော်လက်ကတော့ ထက်မြဲထက်ဆဲဘဲဗျို့
တောင်းဆိုမှုလေးတွေနဲ့အလှဆင်ထားတဲ့ ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားတယ်အစ်မတော်ရေ ကြိုးစားထား 🙂 ။

commentinfo By: X - ray at Feb 27, 2012
Comment #5

အသည်းကွဲမိုး အရေးကတော့ လက်ဖျားခါပါတယ်

commentinfo By: kantkawmg at Feb 27, 2012
Comment #6

…လှုပ်လှီလှုပ်လှဲ့နဲ့..အသက်ကိုဆွဲငင်တတ်သော..အပြုံး..တချို့..

မောင်…ပိုင်ဆိုင်…

လှလှပပလေးရှုံးတတ်..အောင်….ကျွန်မ..လေ့ကျင့်ထားခဲ့တယ်။

ဒါအချစ်ဆိုခဲ့ရင်….စစ်တလင်း….လည်း…မခင်းသင့်ပါဘူး….

မောင့်ခြေရင်းမှာပဲ………..ကျွန်မအကြင်နာတွေ…ကြွေကျ..မောင့်အနား..ခစားနေမယ့်သူ

ဘာကြောင့်နဲ့မှ……တခြား..တဖက်သို့…လား..မသွားပါနဲ့လားကွယ်။

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment