Professional Authors

ကိုယ်ပိုင်ရေး အထ္ထုပ္ပတ္တိ – နရီထက်

သိက္ခာဆိုတာ အိနြေ္ဒရှင်လေးပေါ့
ခြေလှမ်းမှန်မှန်နှင့် စကားတည်ငြိမ်လာတဲ့ လေ့ကျင့်ပြုမှုပါ
ဟန်ဆောင်ခြင်းဆိုတာ နောက်ကွယ်က အဖြစ်မှန်တွေလား
ဒါဆိုရင် လူယဉ်ကျေးစတိုင်လ်ကျတွေပေါ့

လက်ဆောင်ဆိုတာ မေးခွန်းမထုတ်သင့်တဲ့အရာ
ငြင်းပယ်ခြင်းဆိုတာ ရိုင်းရာ ကျမှာလားတဲ့
တကယ်တော့ သည်စကားဝှက်တွေကြားမှာ
အရှုံးဆိုတာ လက်ငင်းရှင်းတမ်းတစ်ခုဖြစ်လာတယ်လေး

လုပ်နိုင်ပါတယ်လေး
ရှေ့တစ်ယောက်လည်း ပြောခဲ့ဖူးတယ်
ဖြစ်နိုင်ပါတယ်လေး
လူပေါင်းများစွာ ပြောခဲ့ဖူးတယ်
နောက်တစ်ယောက်လည်း အသံကူ ကိရိယာမပါပဲ ..
ခန့်မှန်းချက်ကို ဆင်ခြေတွေနှင့် ဈေးကွက်တင်ခဲ့တာပါ

နှုတ်မလုံတဲ့ ခေတ်အဖာအထေးထဲမှာ
ဘူး ဆိုတဲ့ စကားလုံး အတက်အဆင်းတွေနှင့်
လှေကားထစ်ကျော်ပြီး ပြေးခုန်နေကြပါ…

နင့်လက်ထဲက အဖြစ်အပျက်တွေက သတင်းအမှန်လို့
သတ်မှတ်လိုက်တဲ့ အချိန်တိုင်း..
သူ့လက်ထဲက နင့်အဖြစ်အပျက်လည်း အမှန်တွေပါတဲ့
ဒါဆိုရင်…
ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိတွေက လွဲနေပြန်သတဲ့ဗျာ..
ပြောရင်းဆိုရင်း…
တိမ်တွေတောင် တလိပ်လိပ်ပြိုဆင်းကျလာပြီး။      ။

နရီထက်
( ၁၆ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 16, 2011
Comment #1

သိပ်ကောင်းပါတယ်

commentinfo By: HEROSMITH at Jul 16, 2011
Comment #2

ကောင်းတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 16, 2011
Comment #3

ဒိကဗျာက ကတော ဒိအပှဒ်လးတွေကို 4ခေါက်တောင်ပြန်ပြန်ဖတ်မိတယ် ကောင်းတယ်နော် သိက္ခာဆိုတာ အိနြေ္ဒရှင်လေးပေါ့
ခြေလှမ်းမှန်မှန်နှင့် စကားတည်ငြိမ်လာတဲ့ လေ့ကျင့်ပြုမှုပါ
ဟန်ဆောင်ခြင်းဆိုတာ နောက်ကွယ်က အဖြစ်မှန်တွေလား
ဒါဆိုရင် လူယဉ်ကျေးစတိုင်လ်ကျတွေပေါ့ နှုတ်မလုံတဲ့ ခေတ်အဖာအထေးထဲမှာ
ဘူး ဆိုတဲ့ စကားလုံး အတက်အဆင်းတွေနှင့်
လှေကားထစ်ကျော်ပြီး ပြေးခုန်နေကြပါ…င့်လက်ထဲက အဖြစ်အပျက်တွေက သတင်းအမှန်လို့
သတ်မှတ်လိုက်တဲ့ အချိန်တိုင်း..
သူ့လက်ထဲက နင့်အဖြစ်အပျက်လည်း အမှန်တွေပါတဲ့
ဒါဆိုရင်…
ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိတွေက လွဲနေပြန်သတဲ့ဗျာ..
ပြောရင်းဆိုရင်း…
တိမ်တွေတောင် တလိပ်လိပ်ပြိုဆင်းကျလာပြီး။ ။တဲ့ ကြိုက်တယ်။စားသားလေးတွေကို တချိန်မှာ အသုံးချလိုရတယ်

commentinfo By: thuya at Jul 16, 2011
Comment #4

ကောင်းလိုက်တဲ့ကဗျာလေး
အားပေးသွားတယ်အကိုကြီးးးးးးးးးးး

commentinfo By: myintmo at Jul 17, 2011
Comment #5

အားပေးသွားတယ် ကိုနရီထက်ရေ….။

Comment #6

အားပေးဖတ်ရှုကြတဲ့ ကဗျာချစ်သူများအားလုံးကို ကျေးဇူးတင်ရှိသည်။

commentinfo By: Nayihtet at Jul 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment