Professional Authors

ကဗျာထဲကရှိုက်သံ

စိတ်ရဲ့အလိုကျ
လက်ကချရေးခဲ့တဲ့
စာလုံးလေးတွေ
မျက်နှာငယ်ငယ်
ဘယ်သူ့ကိုရည်ရွယ်လို့
လွမ်းရင်းဆွေး
ငါဂစ်တာဘေးက
တိတ်တိတ်လေး
တွေးနေခဲ့တယ်
ခိုးကြည့်မျက်နှာမမြင်သာလည်း
အမှောင်ထဲမှန်းလို့
ကဗျာခပ်ဆန်းဆန်းလေး
ရေးနေမိတယ်
ဒီကဗျာသာစကားပြောရင်
မင်းရဲ့ရင်တွင်း
ခိုဝင်ရင်းက
ပြောချင်လိမ့်မယ်
မျက်ရည်ဝဲလို့
ခတ်ရှိုက်ရှိုက်နဲ့
မင်းကိုအသည်းပေါက်မတတ်ချစ်ကြောင်း
တစ်စေ့တစ်စောင်းကိုပေါ့။                 ။ 

ကျွန်တော့်ဘော်ဒါစပ်ပေးသောကဗျာဖြစ်ပါသည်။

In: ကဗျာ Posted By: Date: Jul 9, 2011
Comment #1

nice

commentinfo By: eilay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment