Professional Authors

နှလုံးရှိုက်သံ

 

       နှလုံးရှိုက်သံ

 

အနာတက ထိပ်ခေါင် နာကျဉ်တာတောင်

အပြုံးတစ်ဝက် မျက်ရည်စက်နဲ့

သေမင်းကိုပင် အံ့တုရှောင်ပြီး

အမေ့သားထွေး ပုလုကွေးကို လောကအလယ်ခေါ်ခဲ့တယ်

သားရဲ့ချေးသေး အညစ်ကြေးတို့

အမေ့ဝမ်းထဲ ၀င်ခဲ့တယ်

ဒေါသကင်းကင်း ချစ်ခြင်းများနဲ့

ပညာတွေလဲ ပေးခဲ့တယ်

အမေ့အိမ်လေး ရောင်းချပေးပြီး

တင့်တင့်တယ်တယ် ကြင်ယာသည်နဲ့

လက်ထက်ပွဲကို ဂုဏ်ရှိန်တိုးအောင် ဆောင်ခဲ့တယ်

တန်ဘိုးကြီးမားပစ္စည်းများနဲ့

လုပ်ငန်းတွေလဲ ပိုင်ခဲ့တယ်

ဇနီးမယား မြေးသားစုံလင် ပျော်ရွှင်ချိန်မှာ

အမေကတော့ ခန်းကျဉ်းလေးထဲ ခေါ်သူမဲ့လို့

ရင်ထဲကြိတ်ကြိတ် ငိုခဲ့တယ်

အမေအိုချိန် သားလေးအိမ်မှာ

အားလုံးမျက်နှာချိုကြည်သာမှ ထမင်း၀၀စားရဲတယ်

သားမျက်နှာလေးကြည့်ပြီး အေးမြ

အမေ့ဘ၀ချမ်းမြေ့ပျော်ရွှင်

ကြည်လင်ပါလဲ နှလုံးရှိုက်သံ ညံခဲ့တယ်

In: ကဗျာ,ဂျူး Posted By: Date: Jul 27, 2012
Comment #1

ထိတယ်ဗျာလုံးဝကိုပါပဲ
thadarswae ကျေးဇူးပါပဲ

commentinfo By: loafer at Jul 28, 2012
Comment #2

ကျေးဇူးတင်ပါတယ် loafer ……..မိဘကျေးဇူးဆပ်နိုင်ကျပါစေ

commentinfo By: thadarswae at Jul 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment