ခွင့်ပြုပါ…..
ဖြစ်နိုင်ရင် နင့်အရိပ်အောက်က ငါ့ကိုထွက်သွားခွင့်ပြုပါ နင့် အရိပ်ကအေးချမ်းပါတယ် အဲဒီအေးချမ်းမှုကို ငါ ၁ယောက်ထဲ အပိုင်လိုချင်တာ ငါ အမှားလား… နင်ရဲ့အချစ်ကောင်းကင်အောက်မှာခိုလှုံနေတဲ့ ငါ့ကို ထွက်သွားခွင့်ပြုပါ ဘာလို့လဲဆိုတော့ ငါ ၁ယောက်ထဲမဟုတ်လို့လေ နင်ရဲ့ နွေးထွေးတဲ့အကြင်နာတွေ ငါ့ကိုမပေးပါနဲ့ တ၀က်တပျက်အကြင်နာတွေကို ငါ မလိုချင်ဘူးလေ
နင်ရဲ့ ဂရုစိုက်မှုတွေကို ငါမလိုချင်တော့ဘူး လူမှားပြီးဂရုစိုက်မိတဲ့ နင်ကို သနားလို့ပါ နင့် ဆီက စကားသံတွေကို မကြားချင်ဘူး ဘာလို့လဲဆိုတော့ နင်က နင် ကိုယ်နင်သုံးနှုံးလိုက်တဲ့ ကို…ဆိုတဲ့ စကားသံကို မကြားချင်ဘူး ငါ ကနင့်ကို မောင်…..လို့ခေါ်တာလေ
အဲဒီလိုမှားသုံးမိတိုင်း တောင်ပန်းတက်တဲ့ နင့်ကို ငါ သနားတယ်….. အမြဲတမ်း နင့်ကို ပြသာနာရှာတက်တဲ့ လူ ၁ယောက်ကြောင့် နင် စိတ်ပင်ပန်းတာ တွေ့တော့ ပိုချစ်မိတယ် အဲဒီလူက ငါရဲ့အချစ်ကို တ၀က်ခွဲယူခဲ့တာပဲလေ… တကယ်တော့ ငါ့က အချစ်ကို ခွဲယူခံခဲံရတာပါ ငါ ကသူများအချစ်ကို ခွဲယူခဲ့တာမရှိပါဘူး ငါ နင်ဘေးနားက ခဏလေး ထွက်သွားမိတဲ့အချိန်ကပေါ့…..  နားလည်မှုတွေနဲ့ ငါ နင့်ဘေးနားမှာနေခဲ့တာ နင့်အတွက် ၀န်ထုတ်ဝန်ပို တခုဖြစ်နေမလား….. ငါ့ အတွက် အချိန်မပေးနိုင်လောက်အောင် နင်မှာ အချိန်မရှိတော့ဘူးလေ…. ငါ ထွက်သွားပါရစေ နင် မကောင်းလို့ ငါထွက်သွားတာလို့မပြောပါဘူး ငါ ကိုယ်တိုင်ကအချစ်တွေ ခွဲမယူချင်လို့ပါ…. နင်က တွေဝေနေမှာ သိပါတယ်…… ငါ အတွက်ကတော့ နင်ကအရေးကြီးဆုံးပဲလေ နင် စိတ်ညစ်နေမှာကို ငါ မလိုလားဘူး နင်သာစိတ်သက်သာရာ ရမယ်ဆိုရင် ဘယ်သူကိုပဲဖြစ်ဖြစ် ငါ အရှုံးပေးမှာပါ နင့်အတွက်နော် ပထမဆုံးအရှုံးပေးခြင်းပဲ ငါ့ ဘ၀မှာ နင့် ကိုစွန့်လွတ်ရတာ နာကျင်တာပေါ့….အဲဒီနာကျင်မှုတွေကအချစ်အဖြစ်ပြောင်းသွားမှာပါ…ဘာလို့လဲဆိုတော့ နင်အတွက် ငါ မှာအချစ်တွေပဲရှိလို့လေ…..
Comment #2
အချစ်က အဲ.လောက်ထိဘဲလား
                        By: minchitthu at Aug 1, 2010
                    Comment #4
အချစ်က ဘာလို. အဲ.လောက်ဆန်းကြယ်တာလည်း မသိဘူးနော်…..
                        By: tunminthant at Aug 3, 2010
                    Comment #8
နင့် ဆီက စကားသံတွေကို မကြားချင်ဘူး ဘာလို့လဲဆိုတော့ နင်က နင် ကိုယ်နင်သုံးနှုံးလိုက်တဲ့ ကို…ဆိုတဲ့ စကားသံကို မကြားချင်ဘူး ငါ ကနင့်ကို မောင်…..လို့ခေါ်တာလေ
အဲဒီလိုမှားသုံးမိတိုင်း တောင်ပန်းတက်တဲ့ နင့်ကို ငါ သနားတယ်…..
နာကျင်တာပေါ့….အဲဒီနာကျင်မှုတွေကအချစ်အဖြစ်ပြောင်းသွားမှာပါ…ဘာလို့လဲဆိုတော့ နင်အတွက် ငါ မှာအချစ်တွေပဲရှိလို့လေ…..
အားပေးသွားတယ်ဗျာ….ကောင်းလိုက်တာ စာသားတွေက ….။
                        By: ကေသရီ at Sep 26, 2011
                    



 
Comment #1
သနားးပါတယ်..ကျွန်မသာဆို့ အဲ့လောက်ချစ်တတ်မယ်မထင်ဖူး.
တကယ့်အဖြစ်သာမှန်ရင် သုခချို သူ့ မှာလဲ စိတ်ဒဏ်ရာ လုပ်ပြီးမှ
ထားပခဲ့လိုက်….