*_စကားတစ်ခွန်း_*
ကမ္ဘာကြီးရဲ့တစ်ခြားတစ်ဖက်မှာ ငါနေချင်တယ်
ဘယ်သူမှငါ့ကိုမမြင်နိုင်တဲ့ နေရာမှာပေါ့လေ
အလွမ်းတွေလည်း ငါမသိချင်တော့ဘူး
အချစ်တွေလည်း ငါမလိုချင်တော့ဘူး
အမုန်းဆိုတာကိုလည်း မသင်ယူချင်တော့ဘူး
ငါအရမ်းကိုပင်ပန်းနေပြီ တောင်းပန်ပါတယ်
ငါ့ကိုအနားပေးလိုက်ပါတော့ကွာ ငါမခံစားနိုင်တော့ဘူး
ငါ့နှလုံးသားကို မီးရှို့သင်္ဂြိုဟ်လိုက်တော့မယ်
မီးလောင်နေတဲ့နှလုံးသားကို အေးမြစေမယ့်
အချစ်တစ်ခုကိုတော့ ငါမျှော်လင့်နေမိတယ်
ဒါပေမယ့်…………………
ယုတ္တိမရှိတဲ့ မျှော်လင့်ချက်တစ်ခုလို့တော့ ထင်မိတယ်
ဟုတ်ပါတယ်ငါကရှုံးနိမ့်ခဲ့သူပါ
အရှုံးကိုမရင်ဆိုင်ချင်လို့မဟုတ်ပါဘူး
အမုန်းသင်ခန်းစာကို ငါမသင်ချင်လို့ပါ
ငါ့ကိုစကားတစ်ခွန်းတော့ပြောခွင့်ပြုပါကွာ
“ချစ်တဲ့သူရဲ့ ဓါးချက်အောက်မှာ သေရတာက မချစ်တဲ့သူရဲ့ ရင်ခွင်ထဲမှာ နေရတာထက်စာရင် သေပျော်ပါတယ်……ချစ်သူရယ်”
Comment #3
right.
right,
right,
By: ei lay at Aug 21, 2011
Comment #4
good tal…share lik mal naw..thanks
By: sisi at Nov 3, 2011
Comment #6
hote ei,,
hman ei,,
be hna khar phat phat,,be hna khar sin sar sin sar,,,d a phyay pe ya de,
By: ei lay at Mar 3, 2012




Comment #1
gipsy lay ကောင်းလိုက်တာ
ချစ်တဲ့သူရဲ့ ဓါးချက်အောက်မှာ သေရတာက မချစ်တဲ့သူရဲ့ ရင်ခွင်ထဲမှာ နေရတာထက်စာရင် သေပျော်ပါတယ်……ချစ်သူရယ်”