လွဲမှားခြင်း
အဲဒီလွဲမှားခြင်းပေါ့ …
နှင်းဝေနေတဲ့ ဒီဇင်ဘာ မနက်ခင်းတစ်ခုက စတင်ခဲ့တာ
အဲဒီလွဲမှားခြင်းပေါ့…
နင့်ရဲ့ ရင့်ကျက်မှု စကားလုံးတွေမှာ ငါစတင်မျောပါသွားခဲ့တာ
အဲဒီလွဲမှားခြင်းပေါ့…
နင့်စကားတိုင်းကို ငါယုံကြည်မှုတွေနဲ့ နင်းလျှောက်ခဲ့တာ
အဲဒီလွဲမှားခြင်းပေါ့…
ရုပ်မမြင် အသံမကြား ငါနင့်ကို ချစ်မိသွားခဲ့တာ
အဲဒီလွဲမှားခြင်းပေါ့…
နင်ပြောပြလာမယ့် နင့်အကြောင်းတွေကို
မမေးရက်ပဲ စောင့်စားနေခဲ့မိတာ
အဲဒီလွဲမှားခြင်းပေါ့…
နင့်ရဲ့ ဇာတ်ကွက်တွေအောက်မှာ ငါအကြိမ်ကြိမ်ကျရှုံးခဲ့တာ
အဲဒီလွဲမှားခြင်းပေါ့…
နင့်ကို မျှော်လင့်စွာနဲ့ ယုံကြည်မှုအပြည့်နဲ့
ငါဆက်ချစ်နေမိတာ…
အဲဒီလွဲမှားခြင်းပေါ့…
ငါ့ရဲ့သံသယတွေကို နင့်ကိုချစ်တဲ့ အချစ်တစ်ခုထဲနဲ့
ခြေဖျက်ပစ်ခဲ့တာ….
အဲဒီလွဲမှားခြင်းပေါ့…
ငါနင့်ကို မွတ်သိပ်စွာနဲ့ ခုထိ စာင့်စားနေမိတာ.
အဲဒီလွဲမှားခြင်းပေါ့…
ငါနင့်ကိုမမုန်းပဲ…
ဒီဇင်ဘာနဲ့ ငါ့ကိုယ်ငါ့ပဲ မုန်းတီးတတ်လာတာ…
(ဒီဇင်ဘာမှာ ချစ်ခဲ့ရသော ချစ်သူသို့)
Comment #2
i like this cute & simple poem
By: ei lay at Jul 22, 2012




Comment #1
ma lwe par bu.
myit tar so tar yaung pyan hat par de,
naung ba wa hti saunt phoe taung ma lo bu,
ma yone yin san kyi like.