အတ္တတစ်ခု၏ နိဂုံး
ငါဟာ အိမ်ကိုလွမ်းဆဲပါ…
လျှောက်နေကျ လမ်းကလေးတွေ
ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်
နွေးထွေးလွန်းတဲ့မိသားစု
မိတ်ဆွေ အပေါင်းအသင်းတွေ
အကုန်လုံး အဝေးမှာပါလား။
ငွေ.. ငွေ… ငွေ…
ငွေနောက်လိုက်ရင်းနဲ့ ဘ၀ရဲ့
အချိန်တွေဟာ ကုန်မှန်းမသိ…
တရွေ့ရွေ့သွားတယ်ဆိုပေမယ့်
မြန်လွန်းလှတဲ့ အချိန်ကို
အပြေးမီအောင် လိုက်ရင်းနဲ့ပဲ
ဟိုး…… အဝေး……….
သြော်…
ငါဟာ ဘာဖြစ်လို့များ ငွေနောက်ကို
သည်းကြီးမည်းကြီးလိုက်ခဲ့ပါလိမ့်…
တခါတလေတော့လည်း တွေးမိပါရဲ့
ငါအသက်ရှင်နေတဲ့ အဓိပ္ပာယ်က
ဘာများပါလိမ့်…
မြေကြီးနဲ့ ကောင်းကင်ကြားက
သေးငယ်တဲ့ ဘ၀လေးတစ်ခု ရရှိလာခဲ့တယ်
အဲဒီဘ၀လေးကို ဒီအတိုင်းကုန်ဆုံးသွားရမှာလား…
လောကမှာ ငွေထက်အရေးကြီးတာတွေ
အများကြီးရှိတယ်ဆိုတာ ငါသိခဲ့တဲ့အချိန်မှာ
ဘ၀ဆိုတဲ့ မီးဇာကလေးက တိုနန့်နန့်…
သြော်…
မေတ္တာ၊ စေတနာ၊ ကရုဏာတွေကို
ဥပက္ခာဆိုတဲ့ အရာနဲ့ ပိတ်လှောင်ခဲ့ပြီးကာမှ
ဘာဖြစ်လို့များ နောင်တ တရားက
ငါ့အတွေးအိမ်ကို တံခါးလာခေါက်ရတာပါလိမ့်။
အတွေးတွေထဲ ချာချာလည်ရင်း
လောကကြီးတစ်ခုလုံး အမှောင်တိုက်ထဲ
တဖြည်းဖြည်း….. တ…ြ..ဖ…ည်..း..ြ…ဖ..ည်…း….
………………………………………….။
(နောက်ဘ၀ဆက်တိုင်း လောကကြီးရဲ့ တန်ဖိုးတွေကို သိနားလည်ရပါလို၏)…
လေလွင့်ငှက်
Comment #2
myit tar,,
say ta nar,,
ga u nar,,,
mu di tar,,,
u pyit khar,,,
 By: ei lay at Sep 1, 2011
                        By: ei lay at Sep 1, 2011
                    Comment #3
ငွေ.. ငွေ… ငွေ…
ငွေနောက်လိုက်ရင်းနဲ့ ဘ၀ရဲ့
အချိန်တွေဟာ ကုန်မှန်းမသိ…
တရွေ့ရွေ့သွားတယ်ဆိုပေမယ့်
မြန်လွန်းလှတဲ့ အချိန်ကို
အပြေးမီအောင် လိုက်ရင်းနဲ့ပဲ
ဟိုး…… အဝေး……….
 By: KC at Dec 19, 2012
                        By: KC at Dec 19, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
တခါတလေတော့လည်း တွေးမိပါရဲ့
ငါအသက်ရှင်နေတဲ့ အဓိပ္ပာယ်က
ဘာများပါလိမ့်…
မြေကြီးနဲ့ ကောင်းကင်ကြားက
သေးငယ်တဲ့ ဘ၀လေးတစ်ခု ရရှိလာခဲ့တယ်
အဲဒီဘ၀လေးကို ဒီအတိုင်းကုန်ဆုံးသွားရမှာလား…
လောကမှာ ငွေထက်အရေးကြီးတာတွေ
အများကြီးရှိတယ်ဆိုတာ ငါသိခဲ့တဲ့အချိန်မှာ
ဘ၀ဆိုတဲ့ မီးဇာကလေးက တိုနန့်နန့်…
(ဖြစ်တက်ပါတယ်..လေလွင့်ငှက်ရဲ့)