Professional Authors

အချစ်မဲ့ .. နိဂုံး ( ၁ . ၅ )

အလွမ်းတွေနဲ့ အမုန်းငယ်
မျက်နှာကျက်ထက် ခိုတွဲ
စိုးမိုးခြင်း နက္ခတ်တွေနဲ့
ကြင်နာသူရဲ့ မျက်ဝန်းအောက်
ဒူးအခါခါ ထောက်ခဲ့ပေမယ့်
နောက်ဆုံး …
ငါရရှိတာ အမုန်းတစ်ခုတည်းပါ …

ကြယ်ဝန်းတဲ့ ညမျက်နှာမှာ
ဖရိုဖရဲ ရင်ကွဲသံစဉ်တွေ
အထက်အောက် လူးလွန့်
ကျူးရင့်ရင်း ကျဆုံး
နှောင်ထုံးမဲ့ နိဒါန်းနဲ့
တစ်ဘ၀လုံး ချစ်နေမယ့်သူပါ …

ကောင်းကင်မှာ မတော်တဆ
နေမင်းနဲ့ လအလင်း
နှင်းဖြာချိန် ဆုံခဲ့ရင်တော့
ရင်ခုန်သံ တံခါးချပ်တွေ
တဖြေးဖြေး သက်ဝင်လာမှာပါကွယ် … ။

Zero Boyz <<<<< zeroboyz123@gmail >>>>>

In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1

wow,,,,,,,,,,,,,,,,
strong desire with faithful honest love.
good luck very very soo n

commentinfo By: ei lay at Jan 23, 2012
Comment #2

ကောင်းကင်မှာ မတော်တဆ
နေမင်းနဲ့ လအလင်း
နှင်းဖြာချိန် ဆုံခဲ့ရင်တော့
ရင်ခုန်သံ တံခါးချပ်တွေ
တဖြေးဖြေး သက်ဝင်လာမှာပါကွယ် …

commentinfo By: May Kha at Jan 24, 2012
Comment #3

sa ka lone a g g tway ka lu ko tay aung tat loh ya de naw

commentinfo By: ei lay at Nov 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment