Professional Authors

မိုးကောင်းကင်ကို မော့ကြည့်လိုက်တိုင်း မြူမိုင်းတွေအုံ့ဆိုင်းလို့  မျက်ရည်တွေသာကြွေကျလာတဲ့ ကမ္ဘာ


နေမင်းရှိမယ့်..နေရာ…လှည့်ရှာလို့ပြုံးပြတာပါပဲ
ဒါပေမယ့်…အဖူးအငုံ..ဘ၀ က အဆင့်တက်မလာဘူး
ကျွန်တော်ဟာ…နေမင်း..မုန်းတဲ့..နေကြာ။

ဓားကောင်းတလက်..ဖြစ်ဖို့..မီးစင်ပေါ်..ပြေးပြေးတက်တာပဲ
ဒါပေမယ့်… ကိုယ်..ထည်…ပေါ် လောင်မီး……မြိုက်……မလာဘူး
ကျွန်တော်ဟာ….မီးပူ မကျွမ်းတဲ့….ဓားအစုတ်အပဲ့။

မှတ်ကျောက်ထက်မှာ..ရွှေစင်..စစ်စစ်..ခင်း..တင်ခဲ့တာပဲ
ဒါပေမယ့်…….မြူမှုန်..တစက်ကြောင့်…အဖြေကောင်းထွက်မလာဘူး
ကျွန်တော်ဟာ……
မှတ်ကျောက်……ပယ်..တဲ့…ရွှေချေးတချောင်း။

အမှန်ခြစ်လေးတခု ကို ဆာလောင်မွတ်သိပ်စွာ
တစိုက်မတ်မတ်  ကြိုးစား အားထုတ်ခဲ့တာပဲ
နံမည် ဖတ်ရုံနဲ့တင်
ကြက်ခြေခတ်သာ တက်လာတဲ့ စာမျက်နှာ
ကျွန်တော်ဟာ…အပယ်ခံ အဖြေလွှာစာရွက်လေးတစ်ရွက်။

ဒီလိုပဲ.
ဒီလိုပါပဲ…ကောင်းကင်ယံထက်….
ကြယ်စင်လေး တပွင့် အဖြစ် ကိုမှန်း လို့  ..ရင်ငွေ့လှုံချင်ခဲ့တာပေါ့
ဘာ့ကြောင့်………
သွေးမနီး…တဲ့…………..ပိုးစုန်းကြူးဆိုတာ….တဖက်လှည့်နေရတာလည်း
တကယ်တော့
ကျွန်တော်ဟာ….ကောင်းကင် မချစ် တဲ့ ကြယ်..မှိန်….တခြမ်းပဲ့။

ကျေးဇူးပြု၍

တခါတလေ..မျှ..လောက်..

ကျွန်တော်လိုအပ်တဲ့…အ.ကြင်နာ…

နွေးထွေးမှုတွေ…ပေးသနားပါလား …ကျွန်တော့်ကောင်းကင်ကြီးရယ်။

။ကျွန်တော် တကယ်… ငတ် နေ လို့ ပါ။

(မိုးကောင်းကင်ကို မော့ကြည့်လိုက်တိုင်း
မြူမိုင်းတွေအုံ့ဆိုင်းလို့  မျက်ရည်တွေသာကြွေကျလာတဲ့ ကမ္ဘာ
အဲဒီရွာမှာ ကျွန်တော် အသက်မရှင်ချင်တော့ဘူး …..ဖေဖေ။)

In: ကဗျာ Posted By: Date: Jun 15, 2013
Comment #1

မမိုး…ကဗျာဖတ်ပြီး ဘယ်လိုကွန်မန့်ပေးရမလဲ မသိအောင်ကို ဖြစ်သွားတယ်
ရင်ထဲကို ဘယ်ကနေဘယ်နေရာနေ ထိလို့ထိမှန်းတောင်မသိဘူး မမိုးရာ..
goodစလွတ်ပဲ…ဟဲဟဲ

commentinfo By: poem.poem28 at Jun 15, 2013
Comment #2

ခေါင်းစဉ်​နဲ့တင်​အစအဆုံးဆွဲေါ်ယူသွား​သော

commentinfo By: မာန်​ခက်​ဝင့်​ at Jun 15, 2013
Comment #3

အလန်းပဲ

commentinfo By: zawthetoo at Jun 15, 2013
Comment #4

နေမင်းရှိမယ့်..နေရာ…လှည့်ရှာလို့ပြုံးပြတာပါပဲ
ဒါပေမယ့်…အဖူးအငုံ..ဘ၀ က အဆင့်တက်မလာဘူး
ကျွန်တော်ဟာ…နေမင်း..မုန်းတဲ့..နေကြာ။

ဓားကောင်းတလက်..ဖြစ်ဖို့..မီးစင်ပေါ်..ပြေးပြေးတက်တာပဲ
ဒါပေမယ့်… ကိုယ်..ထည်…ပေါ် လောင်မီး……မြိုက်……မလာဘူး
ကျွန်တော်ဟာ….မီးပူ မကျွမ်းတဲ့….ဓားအစုတ်အပဲ့။

မှတ်ကျောက်ထက်မှာ..ရွှေစင်..စစ်စစ်..ခင်း..တင်ခဲ့တာပဲ
ဒါပေမယ့်…….မြူမှုန်..တစက်ကြောင့်…အဖြေကောင်းထွက်မလာဘူး
ကျွန်တော်ဟာ……
မှတ်ကျောက်……ပယ်..တဲ့…ရွှေချေးတချောင်း။

အမှန်ခြစ်လေးတခု ကို ဆာလောင်မွတ်သိပ်စွာ
တစိုက်မတ်မတ် ကြိုးစား အားထုတ်ခဲ့တာပဲ
နံမည် ဖတ်ရုံနဲ့တင်
ကြက်ခြေခတ်သာ တက်လာတဲ့ စာမျက်နှာ
ကျွန်တော်ဟာ…အပယ်ခံ အဖြေလွှာစာရွက်လေးတစ်ရွက်။

ဒီလိုပဲ.
ဒီလိုပါပဲ…ကောင်းကင်ယံထက်….
ကြယ်စင်လေး တပွင့် အဖြစ် ကိုမှန်း လို့  ..ရင်ငွေ့လှုံချင်ခဲ့တာပေါ့
ဘာ့ကြောင့်………
သွေးမနီး…တဲ့…………..ပိုးစုန်းကြူးဆိုတာ….တဖက်လှည့်နေရတာလည်း
တကယ်တော့
ကျွန်တော်ဟာ….ကောင်းကင် မချစ် တဲ့ ကြယ်..မှိန်….တခြမ်းပဲ့။

(လုပ်ကြဗျားး…..ပါးစပ်ကြီးဟပြီး အသေကောင်လိုငေးနေပါ့မယ်.. 🙁 )

commentinfo By: 13th at Jun 16, 2013
Comment #5

မိ မိုး လန်းဟ

commentinfo By: sone.pyuu at Jun 16, 2013
Comment #6

ဒီလိုပဲ.
ဒီလိုပါပဲ…ကောင်းကင်ယံထက်….
ကြယ်စင်လေး တပွင့် အဖြစ် ကိုမှန်း လို့  ..ရင်ငွေ့လှုံချင်ခဲ့တာပေါ့
ဘာ့ကြောင့်………
သွေးမနီး…တဲ့…………..ပိုးစုန်းကြူးဆိုတာ….တဖက်လှည့်နေရတာလည်း
တကယ်တော့
ကျွန်တော်ဟာ….ကောင်းကင် မချစ် တဲ့ ကြယ်..မှိန်….တခြမ်းပဲ့။

ကျေးဇူးပြု၍

တခါတလေ..မျှ..လောက်..

ကျွန်တော်လိုအပ်တဲ့…အ.ကြင်နာ…

နွေးထွေးမှုတွေ…ပေးသနားပါလား …ကျွန်တော့်ကောင်းကင်ကြီးရယ်။

။ကျွန်တော် တကယ်… ငတ် နေ လို့ ပါ။
…………………………………….
ကောင်းလိုက်တာ….

commentinfo By: နွေ at Jun 17, 2013
Comment #7

အရမ်းကောင်းတဲ့ ကဗျာ….

commentinfo By: moehtetaung18 at Nov 19, 2013
Comment #8

ကြက်ခြေခတ်ကိုပါအောင် ရေးပေးလို့ ကျေးဇူးမိုး
😀

commentinfo By: ကြက်ခြေခတ် X at Nov 20, 2013
Comment #9

(မိုးကောင်းကင်ကို မော့ကြည့်လိုက်တိုင်း
မြူမိုင်းတွေအုံ့ဆိုင်းလို့  မျက်ရည်တွေသာကြွေကျလာတဲ့ ကမ္ဘာ
အဲဒီရွာမှာ ကျွန်တော် အသက်မရှင်ချင်တော့ဘူး …..ဖေဖေ။)

commentinfo By: jinger at Nov 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment