Professional Authors

ကျွန်တော်ပေးသောခေါင်းစဉ် (ကဗျာ)

 

ကျွန်တော် ဒီနေ့ ကဗျာ တစ်ပုဒ်လောက်ရေးချင်ပေမယ့် 

ခံစားချက်တွေ ပျောက်ရှ နေခဲ့ တယ် …

၁ရက် ၂ရက် ၁လ ၃လ ၅လ လောက် အထိ

တူးဖော်နေသံတွေ ကြားနေရပေမယ့်

ထုတ်ဖော် မပြရဲတော့ တဲ့  ခပ်ညံ့ ညံ့  စကားလုံးတွေ

ပုပ်အက်အက် အထွေးလိုက် ..။

အိပ်ရာကထ နိုးနေပေမယ့်  ညကလည်း

မအိပ်ခဲ့ တဲ့  ဦးနှောက်တလုံး

ကျွန်တော် အတွေးခေါင်လျက် ….

မာန တချို့ ညီမျှခြင်း ကျွန်တော်။

ဆုံးဖြတ်ချက်ကတော့  သေချာပေမယ့် 

မရေရာ တဲ့  ကျွန်တော် …

ဟိုတုန်းကကာလ တွေမှာ မသုံးသတ် မိတဲ့ 

ခပ်ပျော့ ပျော့  အားနာမှုတွေ…..ကြည့် မိတော့ လည်း

ကိုယ်ပေါင်ကိုယ် လှန်ထောင်း တောင် ….နာမှာ စိုးတယ်လေ

ကျွန်တော် ညံ့ တာပါဗျာ…။

ကိုယ့်လက်ရေးတချို့ နဲ့  ကိုယ့် ကိုကိုယ် ….လှုပ်နိုးရုံ …

*နေဝန်း* ရေ…အီပ်မက်တွေ ထ တော့  လေ..

မနက်တွေ ရွာထဲ လမ်းလျှောက်ထွက် လေပြီ

ကဗျာ ရွာထဲ တဖန် ပြန်ဝင်ခဲ့ ပါရစေ…။

 

နေဝန်း ..

 

In: ကဗျာ Posted By: Date: Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment