ငါမောတယ်
ငါ့ကမ္ဘာမှာ
ပျောက်ကွယ်နေပြီလို့ ထင်တဲ့
ခံစားချက် တစ်ခုကို
သူ အသက်ပြန်သွင်းပေးခဲ့တယ်
အချစ်ဆိုတာ အကြောင်းပြချက်တွေ မရှိဘဲ
ချစ်လို့ကို ချစ်တာပါ ဆိုတာကို သိလိုက်ရတယ့် အချိန်…
ဖွင့်ပြောဖို့ စကားလုံးတွေ
ငါ့ရင်ထဲကနေ ထွက်ကျမလာတော့ဘူး
အချစ်စစ်နဲ့ တွေ့ရင် ‘အ’ သွားတတ်ကြတယ်ဆိုတာ
ငါလက်ခံလိုက်ပြီ
ငါမောတယ်
သူမကြားနိုင်ပေမယ့်
စိတ်ထဲကနေပဲ ခံစားချက်တွေ
ဒလဟော ဖွင့်ပြောနေရတာ
ငါမောလာပြီ
ဒီလိုနဲ့ပဲ
သူပေးတဲ့ အနမ်းတစ်ချက်
ငါ ၂ စက္ကန့်လောက် အသက်ရှုရပ်သွားခဲ့တယ်
ဒါပေမယ့် ချစ်တဲ့အကြောင်းကိုတော့
ငါတို့တွေ ဖွင့်မပြောဖြစ်ခဲ့ကြဘူး
ခုချိန်ထိ ငါမောနေတုန်းပဲ…
Comment #4
ကြောက်တယ် ဆိုတော့ မပြောတော့ဘူးပေါ့ ..
By: genius.jinx28 at Jan 10, 2011
Comment #6
တော်တော် အဖြစ်ဆိုးတာပဲ virtualheart ရယ် . . .ဖွင့်ပြောလိုက်ပါဗျာ ဒါက မရှိမဖြစ်လိုအပ်တဲ့ အရာပဲ ၊၊
ချစ်တယ် ဆိုတဲ့ နှစ်လုံးတည်းနဲ့  နှစ်ကိုယ်တူ ဘ၀ အတွက် လုံလောက်တယ်နော်
virtualheart အစား အားမရလိုက်တာနော် 😛
By: Ghost L!ke at Apr 23, 2011
Comment #7
Huh…
🙁
🙁
By: ei lay at Oct 3, 2012




Comment #1
အချစ်ဆိုတာ အကြောင်းပြချက်တွေ မရှိဘဲ
ချစ်လို့ကို ချစ်တာပါ ဆိုတာကို သိလိုက်ရတယ့် အချိန်…
ဖွင့်ပြောဖို့ စကားလုံးတွေ
ငါ့ရင်ထဲကနေ ထွက်ကျမလာတော့ဘူး
အချစ်စစ်နဲ့ တွေ့ရင် ‘အ’ သွားတတ်ကြတယ်ဆိုတာ
ငါလက်ခံလိုက်ပြီ
ဒါပေမယ့် ချစ်တဲ့အကြောင်းကိုတော့
ငါတို့တွေ ဖွင့်မပြောဖြစ်ခဲ့ကြဘူး
ခုချိန်ထိ ငါမောနေတုန်းပဲ…
…………………..
ကောင်းလိုက်တာ