တစ်ဖက်သက်ရဲ့ လွမ်းဆွတ်ခြင်း
သတိရ လွမ်းဆွတ်ခြင်း ဆိုတာ
(မ) နဲ့ကျမှ ခံစားမိခဲ့ပြီ
(မ) ရဲ့ နတ်သမီးဆန်တဲ့ အလှအပမျိုးမှာ
ကျွန်တော် ရူးလောက်အောင် နစ်မျောခံစားသွားမိ ပြီ …….
ဒါကို (မ)မသိတော့
တစ်ဖက်သက်အချစ်ဆိုတဲ့
လှပတဲ့ စကားလုံးလေးနဲ့ ဖွဲ့စည်းထားပြီး
နှောင်ဖွဲ့ ချည်နှောင်ခြင်းလဲ မရှိတဲ့
ချစ်ခြင်းမျိုးနဲ့ ချစ်ရင်း……..
တစ်နေ့တော့ (မ)သိလာမှာပါဆိုတဲ့
စိတ်ကူးအတွေးရူးလေးနဲ့ ခံစားရင်း
တစ်နေ့ပြီးတစ်နေ့
(မ)ဆိုတဲ့ နတ်မိမယ်လေးကို
လွမ်းဆွတ်တမ်းတ မျှော်လင့်ရင်း
စောင့်နေတဲ့ ကျွန်တော် ………..
အမှတ်တရ (ကျိုက်ထီးရိုး)
Comment #2
So touching
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
^__^
^__^
^__^