Professional Authors

အဖြူထည်ကျရှုံးခန်း

တစ်ကယ်ကိုဖြူစင်တဲ့ရင်ဘတ်နဲ့ ချင်းကပ်ချစ်ခဲ့တာပါ

ကိုယ်လိုလူက မင်းအတွက်အများအလည်မှာ

မတင့်တယ် ရှက်ဖွယ်ရာဖြစ်နေလိမ့်မယ်လို့

ကိုယ်မထင်ထားခဲ့ပါဘူး….

 

တစ်ကယ်ဆိုရင် ကိုယ့်အချစ်ကိုအားနာပါးနာနဲ့

မင်း လက်ခံမထားခဲ့သင့်ဘူး

အပြစ်မရှိတဲ့ အဖြူရောင်ရင်ဘတ်တစ်ခုကို

အဖြူထည်အတိုင်း မင်းလွင့်ပစ်ပိုင်ခွင့်ရှိပါတယ်

 

ကိုယ့်ချစ်သူပြောလာသမျှ ဝေါဟာရတွေကို

အချစ်တွေမွန်နေတဲ့ စိတ်တစ်ခုတည်းနဲ့

ကြားနာခဲ့ရတဲ့ ကိုယ့်အတွက်တော့

စိတ်ကူးယဉ်သလောက် ကြည်နူးဝမ်းမြောက်ခဲ့ဖူးတယ်

 

ဖြူစင်ရိုးသားတဲ့ ဟောဒီ ရင် ဘတ်နဲ့

လက်ခံရရှိခဲ့တဲ့ မင်းရဲ့ပုံရိပ်ရောင်အချစ်တွေကြောင့်

ကိုယ့်ရဲ့အချစ်တွေဟာ ရင်ခုန်သံနဲ့အမျှ

ရိုးသားစွာဖူးပွင့်ခဲ့ကြတယ်…

 

မင်းနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အချစ်တွေနဲ့

ဘ၀တစ်ခုလုံးပုံပြီး အရူးတစ်ယောက်လို

ကိုယ်စိတ်ကူးတွေယဉ်ခဲ့ဖူးတာ မဆန်းပါဘူး

အချစ်ဆိုတာ အရူးရောဂါတစ်မျိုးပဲလေ…

 

တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ကနားလည်နိုင်ဘို့

ကွန်ပျူတာပညာတွေလို စောဖ့်ဝဲတွေမလိုပါဘူး

ကိုယ့်ရင်ခုန်သံကိုကြားနိုင် ခံစားနိုင်ဘို့

မင်းရဲ့ရင်ဘတ်ထဲမှာ အချစ်မှမရှိခဲ့ပဲ

 

ဘ၀ရဲ့ပရိုဂရမ်တွေကို နှစ်ယောက်အတူဖြတ်သန်းနိုင်ဘို့

အချစ်ဆိုတဲ့ စွမ်းအင်တစ်မျိုးတည်းကိုသာ

မင်းဆီက ကိုယ်မျှော်လင့်ခဲ့တာပါ

မင်းရဲ့အချစ်ကိုလိုအပ်နေချိန်မှာ ကိုယ်မရခဲ့ပါဘူး

 

မင်းရဲ့ဂုဏ်သိက္ခာအတွက် ကိုယ့်ရဲ့အချစ်တွေကို

မင်းကိုယ်တိုင် အသေသတ်နိုင်စွမ်းခဲ့ပြီးပြီပဲ

မင်းကိုယ်တိုင် ကွန့်ထားခဲ့တဲ့ကိုယ့်နှလုံးသားမှာ

သေရာပါမဲ့ဒဏ်ရာတွေနဲ့ မင်းကျေနပ်ပါတော့…

( 1.7 .2011 )

 

ခွန်ကြယ်ဖြူ / ဆီဆိုင်

 

 

In: ကဗျာ Posted By: Date: Jul 2, 2011
Comment #1

မင်းရဲ့ဂုဏ်သိက္ခာအတွက် ကိုယ့်ရဲ့အချစ်တွေကို

မင်းကိုယ်တိုင် အသေသတ်နိုင်စွမ်းခဲ့ပြီးပြီပဲ

မင်းကိုယ်တိုင် ကွန့်ထားခဲ့တဲ့ကိုယ့်နှလုံးသားမှာ

သေရာပါမဲ့ဒဏ်ရာတွေနဲ့ မင်းကျေနပ်ပါတော့…
အားပေးနေပါတယ်…..ခွန်ကြယ်ဖြူ….

commentinfo By: khant naung at Jul 2, 2011
Comment #2

ကိုယ့်ချစ်သူပြောလာသမျှ ဝေါဟာရတွေကို

အချစ်တွေမွန်နေတဲ့ စိတ်တစ်ခုတည်းနဲ့

ကြားနာခဲ့ရတဲ့ ကိုယ့်အတွက်တော့

စိတ်ကူးယဉ်သလောက် ကြည်နူးဝမ်းမြောက်ခဲ့ဖူးတယ်

အားပေးသွားပါတယ် ခေါင်းစဉ်လေးကိုက မိုက်တယ်
ကဗျာလေးက ကောင်းပါတယ်…။ ။

commentinfo By: ကေသရီ at Jul 2, 2011
Comment #3

မင်းနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အချစ်တွေနဲ့

ဘ၀တစ်ခုလုံးပုံပြီး အရူးတစ်ယောက်လို

ကိုယ်စိတ်ကူးတွေယဉ်ခဲ့ဖူးတာ မဆန်းပါဘူး

အချစ်ဆိုတာ အရူးရောဂါတစ်မျိုးပဲလေ…
ကဗျာကောင်းလေးပါ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 2, 2011
Comment #4

အားပေးကြတဲ့ကို khant aung,ကေသရီ, poem.poem တို့ကိုကျေးဇူးတင်ပါတယ်..

commentinfo By: ခွန်ကြယ်ဖြူ(ဆီဆိုင်) at Jul 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment