အလွမ်းသို့ တိုင်တည်ခြင်း
လွမ်းစရာရှိရင်
နာစရာနဲ့ဖြေမယ်လို့
တွေးထားပေမဲ့
လွမ်းမိတဲ့အခါ
နာစရာကို မတွေးမိတာ
ဘာကြောင့်လဲ
ရှင်းရှင်းလေးပဲ
သူ့ကို လွမ်းနေမိလို့ပေါ့…
လွမ်းတယ်ကွယ်
ကိုယ့်ရဲ့အရာရာဟာ
အလွမ်းတွေနဲ့ ပြည့်သိပ်နေတယ်
သတိရခြင်းဆိုတာ
တစ်ခါတစ်ရံမှ
ဖြစ်ပေါ်တတ်ပေမဲ့
အလွမ်းတွေကတော့
အစည်းအတားမရှိ
နာရီတိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်း
လှုပ်ရှားမှုတွေရှိနေသရွေ့
ကိုယ်နဲ့အတူ
အလွမ်းတွေဟာ
ရှင်သန်နေတယ်
အလွမ်းတွေရယ်
ဖြစ်နိုင်ရင်
မင်းရဲ့ဝေးရာကို
သွားပါရစေ….
ကိုယ့်ကို အလွမ်းကမ္ဘာထဲမှ
ထွက်သွားခွင့်ပြုပါ..
ကိုယ့်ရဲ့အိပ်မရတဲ့ညတွေမှာ
အလွမ်းတွေက နှိပ်စက်နေဆဲ
မင်းရဲ့ဝေးရာကို
မသွားနိုင်သရွေ့
ကိုယ်ဟာ
မင်းနဲ့အတူ ရှိနေဦးမှာပါ….
ခုတော့….
လွမ်းရင်းနဲ့
ဆက်လွမ်းနေမယ် အလွမ်းရယ်……
Comment #2
အလွမ်းပင်ရိပ် တစ်ရေးအိပ်ကာ
လွမ်းပါသော်လည်း
အလွမ်းရက်ရှည်
အလွမ်းပင်များ
ရှင်သန်နေဆဲပါနော်….
By: မနောဖြူလေး at Jun 16, 2010
Comment #4
အ လွမ်းကို ကြိုသောက်
By: အ လွမ်း at Jul 14, 2010
Comment #5
လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့
နာစရာတွေက အလွမ်းတွေဖြစ်နေတော့…………….
By: carkoo at Sep 1, 2010
Comment #6
လွမ်းကြမယ်လေ …
ကျနော်လည်း manawphyulay လို
ိုလွမ်းတတ်ချင်တယ်ဗျား …
By: minchansike at Apr 26, 2011




Comment #1
အလွမ်းများဆက်လက်ရှင်သန်ပါစေ