Professional Authors

အပြုံးအောက်က ကျရှုံးခန်း

စဉ်းစားမှုတွေနဲ့ ရေချိန်ညီတဲ့
ငါ့အတွေးတွေကို
ပြန်သောက်သုံးတိုင်း
ခံစားမှုတွေ ပြန်ပြန်အန်ချခဲ့တာ
ငါ့နှလုံးသားတစ်ခုလုံး
ဘောင်ဘင်ခတ်နေခဲ့တယ်။

နင်စေလွှတ်တဲ့
ကံကြမ္မာနတ်ဆိုးက
အငြိုးနဲ့ ငါ့ကိုမှရွေးပြီး
မိုးထစ်ချူံး ရွာခဲ့တယ်
ထားလိုက်ပါတော့
ဒါတွေအားလုံးဟာ
ငါ့အပြစ်တွေဘဲလို့
အချစ်နဲ့ပတ်သက်လို့
ငါဘာမှ မပြောလိုတော့ပါဘူး
နင်မုန်းလိုကမုန်း
နင့်အပြုံးအောက်မှာ
ထာဝရ ကျရှုံးရမဲ့ သူဟာ
ငါပါ။

In: ကဗျာ Posted By: Date: Jul 29, 2010
Comment #1

ပထမဆုံးကဗျာလေးဖြစ်ပေမဲ့ တိုက်ဆိုင်လို့လားတော့မသိဘူး အခုအထိ ခံစားချက်ခြင်းတူနေတယ်။
ကောင်းပါတယ်။ ကိုလဲတစ်ခြားတစ်ယောက်ကို ဒီလိုပဲ ပြောပြချင်ပါတယ်။
အားပေးသွားတယ် တယ်ရီ။

commentinfo By: kyawtint at Mar 19, 2011
Comment #2

ကျေးဇူးပါ

commentinfo By: terry at Mar 19, 2011
Comment #3

ပွဲဦးထွက်ကဗျာဆိုပေမယ့် ကောင်းတယ်ဗျ မဆိုးဘူး အားပေးသွားတယ် ။

commentinfo By: X - ray at Aug 31, 2011
Comment #4

heart hti de

commentinfo By: ei lay at May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment