ဖြေဆေးက မျက်ရည်
မင်းရဲ့အိပ်မက်တွေက
ငါ့ရဲ့အနာဂတ်……
မင်းရဲ့မျှော်လင့်ချက်တွေက
ငါ့ရဲ့ ရည်မှန်းချက်….
မင်းရဲ့ပျော်ရွှင်မှုက
ငါ့ရဲ့ပန်းတိုင်…..
မင်းရဲ့သာယာမှုက
ငါ့ရဲ့ ခရီးဆုံး…..
အရာရာမင်းအတွက်
အရာရာမင်းသဘော
ငါ့ငိုရင်တောင် ရင်ထဲကပဲငိုမယ်
မင်းမသိစေရဘူး……….
ငါနာကြင်ရင်တောင် ကြိတ်ပြီးခံမယ်
မင်းမသိစေရဘူး………
ငါရှုံးနိမ့်ရင်တောင် ပြန်ပြီးထမယ်
မင်းမသိစေရဘူး………….
ငါ့နာကြည်းမှု ဒဏ်ရာ
အရှုံး မျက်ရည်
ဘာတစ်ခုမှမင်းမသိစေရဘူး….
မင်းစိတ်ပျော်ဖို့…
ငါ့ခံစားချက်တွေကို နောက်ပို့ထားတာ…
တဖြည်းဖြည်းနဲ့ မင်းနဲ့ဝေးလာတော့
မင်းလျစ်လျူရှုနိုင်ပြီပေါ့…..
ရပါတယ်….
မင်းကိုချစ်နေဖို့က..
ရှင်သန်နေတဲ့ငါ့ဘ၀ရဲ့
တစ်ခုတည်းသောအလုပ်မို့လို့
ဘာဖြစ်ဖြစ်ချစ်မယ်…
ငါ့ရဲ့အချစ်တွေက..
မင်းအတွက်အဆိပ်ဖြစ်ခဲ့မယ်ဆိုရင်တောင်
ငါ့မျက်ရည်တွေကိုသောက်သုံးလိုက်ပါ
ငါ့နှလုံးသွေးတွေနဲ့
မင်းရဲ့သံသယကိုဆေးကြောပေးမယ်
ငါမင်းကိုသက်ဆုံးတိုင်ချစ်တယ်…………
Comment #2
ငါ့ငိုရင်တောင် ရင်ထဲကပဲငိုမယ်
မင်းမသိစေရဘူး……….
ငါနာကြင်ရင်တောင် ကြိတ်ပြီးခံမယ်
မင်းမသိစေရဘူး………
မသိတာပဲကောင်းတယ်ကိုလွမ်းနောင်…ရေ..
By: poem.poem28 at Aug 21, 2011
Comment #7
ကဗျာတစ်ပုဒ်လုံးလိုလိုကို ဖတ်လို့ကောင်းတယ်ဗျ အားပေးသွားတယ် ။
By: X - ray at Aug 21, 2011
Comment #8
a yar yar min a twat,,,
a yar yar min ta baw,,,
really nice.
really really nice.
but,,,,,,,,,,,,,,,,
a yar yar min pyit nay de so tar ko dot a ti pay tint de htin par de,
By: ei lay at Aug 22, 2011
Comment #10
ငါ့ရဲ့အချစ်တွေက..
မင်းအတွက်အဆိပ်ဖြစ်ခဲ့မယ်ဆိုရင်တောင်
ငါ့မျက်ရည်တွေကိုသောက်သုံးလိုက်ပါ
ငါ့နှလုံးသွေးတွေနဲ့
မင်းရဲ့သံသယကိုဆေးကြောပေးမယ်
ငါမင်းကိုသက်ဆုံးတိုင်ချစ်တယ်…………
…..
တိုက်ဆိုင်…မှုတွေနဲ့..နှစ်သက်..အားပေးနေပါတယ်….
By: အသဲကွဲမိုး at Aug 22, 2011
Comment #12
မျက်၇ည်တွေသောက်၇င် ငန်မှာပေါ့ဗျ
(နောက်တာပါ) အားပေးသွားပါတယ်
By: Red Demon at Aug 23, 2011
Comment #13
တဖြည်းဖြည်းနဲ့ မင်းနဲ့ဝေးလာတော့
မင်းလျစ်လျူရှုနိုင်ပြီပေါ့…..
ရပါတယ်….
မင်းကိုချစ်နေဖို့က..
ရှင်သန်နေတဲ့ငါ့ဘ၀ရဲ့
တစ်ခုတည်းသောအလုပ်မို့လို့
ဘာဖြစ်ဖြစ်ချစ်မယ်…
လွမ်းနောင်ရေ…..ကဗျာလေးက ကောင်းလိုက်တာဗျာ…..စာသားတွေက အရမ်းထိတယ်….အားပေးသွားပါတယ်။
By: ကေသရီ at Sep 8, 2011
Comment #14
လေးစားပါတယ်
ကဗျာလေးကအတော်ကိုခံစားရပါတယ်။
By: နေထွန်း at Jan 24, 2012
Comment #15
ငါမင်းကိုသက်ဆုံးတိုင်ချစ်တယ်
By: ei lay at Feb 13, 2013




Comment #1
ငါ့နာကြည်းမှု ဒဏ်ရာ
အရှုံး မျက်ရည်
ဘာတစ်ခုမှမင်းမသိစေရဘူး….
မင်းစိတ်ပျော်ဖို့…
ငါ့ခံစားချက်တွေကို နောက်ပို့ထားတာ…
တဖြည်းဖြည်းနဲ့ မင်းနဲ့ဝေးလာတော့
မင်းလျစ်လျူရှုနိုင်ပြီပေါ့…..
ဟုတ်တယ်…ကျွန်တော်လည်းကြုံဖူးတယ်……ပေးတာများရင်ပေါ့သွားတတ်တယ်…..။
အားပေးသွားတယ်..ဗျာ…..