Professional Authors
Window Me
ကိုယ့်ရဲ့ motherboard က date out နေပေမယ့်
အချစ်ဆိုတဲ့ Window ကတော့ အတက်မြန်ဆဲ……..
ကိုယ့်အသည်း hard-disk ထဲမှာ
ဖျက်မရအောင် read-only လုပ်ပြီး
တစ်သက်လုံး save ထားလျက်ပေါ့
မင်း အချစ် folder တွေက ကိုယ့်အတွက်
hidden ဖြစ်နေ ပေမယ့်
folder option ထဲဝင်ပြီးshow ဆိုတာလေးကို
click လုပ်ခွင့်တော့ပြုအုံး
ကိုယ့်ရဲ့  memory က မင်းအကြောင်း data တွေပဲ
looping ပတ်နေပေမယ့်
နောက်တစ်ကြိမ် restart ချဖို့ မကြံစည်လိုက်နဲ့ နော်
ဘ၀ဆိုတဲ့ voltage က အတက်အကျ မြန်လွန်းတော့
ကိုယ့်ဘ၀ power supply နည်းနည်း hang တာကိုတော့
မင်း……… ခွင့်လွှတ်ပေးအုံးပေါ့
မင်းရဲ့  heat တွေကြောင့် ကိုယ့်ရဲ့ ရင်အုံ chip set တွေ
ကြွကြွလာပေမယ့်
မင်းကို ချစ်တဲ့ ကိုယ့်ရဲ့ program ကတော့
မချို့ မယွင်း run နေဆဲပါ
မြားနတ်မောင်ရဲ့  virusမြှား ကိုက်လို့ 
Window ပြန်တင်ရမယ်ဆိုရင်တောင်
ကိုယ့်နှလုံးသား CPU က မော်ဒန်နိမ့်လွန်းတော့
တခြားခြားသော window 7 ကောင်မလေးတွေ
window xp ဆိုတဲ့ မိန်းမချောတွေကို မတင်နိုင်ဘဲ
မင်းကိုပဲ မြတ်နိုးမိဆဲပါ Window me ။
                       ချစ်ဦးသစ်
ကိုယ်တိုင်ရေးကဗျာလေးပါ
In: ကဗျာ Posted By: Date: Aug 30, 2012
Comment #1
wowwww
thz u so much for sharing.
really modernized.
commentinfo By: ei lay at Aug 31, 2012
Comment #2
ဖတ်ပေးတာကိုလည်းကျေးဇူးတင်ပါတယ်ဗျာ
commentinfo By: maunggyi at Sep 3, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment